APM၊ ဒီဇမ်ဘာ ၂၀/ ၂၀၂၂
မြန်မာပြည်၌ အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရီးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပီးရန် တောင်းဆိုချက်များ ပါဝင်သည့် ဆုံးဖြတ်ရန်မူကြမ်းတရပ်ကို နက်ဖြန် ဒီဇမ်ဘာ ၂၁ ရက်နိမှာ ကုလ သမဂ္ဂလုံခြုံရီးကောင်စီ၌ မဲခွဲဆုံးဖြတ်ဖွယ် ဟိနီကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
မြန်မာကိစ္စအရေးယူချမှတ်နိုင်မည့် ဆုံးဖြတ်ရန်မူကြမ်းကို ဗြိန်တိန်နိုင်ငံမှ တင်သွင်းခပြီး၊ အဖွဲ့ဝင်နိုင်ငံများအကြား အဆင့်ဆင့် ညှိနှိုင်းရာမှ နောက်ဆုံး ထွက်ပေါ်လာသည့် မူကြမ်းဖြစ်သည်။
ယင်းဆုံးဖြတ်ရန်မူကြမ်းကိုအတည်ပြုနိုင်ဖို့အတွက် လုံခြုံရီးကောင်စီအဖွဲ့ဝင် ၉ နိုင်ငံထက်မနည်း ထောက်ခံရမည် ဖြစ်ပြီး၊ ဗီတိုအာဏာသုံးခွင့်ဟိသည့် အမေရိကန်၊ ပြင်သစ်၊ ဗြိန်တိန်၊တရုတ်နန့် ရုသျှရို့မှ ထောက်ခံရန်လေ့ လိုအပ် သည်။
သို့သော် လက်ဟိအနီအထားအရ တရုတ် နန့် ရုသျှရို့က အဆိုပါ မြန်မာကိစ္စအရေးယူချမှတ်နိုင်မည့် ဆုံးဖြတ်ရန် မူကြမ်းအား ကန့်ကွက်လာနိုင်ကြောင်း ရိုက်တာသတင်း၌ ဖော်ပြထားသည်။
Photo- Reuters