
(နိုဗမ်ဘာ ၁၃ ရက်နိမှ ၁၉ ရက်နိအထိ)
၁။ ၁၃-၁၁-၂၀၂၃ (တလင်းလာ)
(၁) မင်းပြားမြို့နယ်၊ ဖားပြိုရွာနားမာ နိုဗမ်ဘာ ၁၃ ရက်နိ မိုးထက ရက္ခိုင့်တပ်တော် AA နန့်စစ်ကောင်စီတပ်ရို့ကြား တိုက်ပွဲဖြစ်ပွားခပါရေ။
(၂) မင်းပြားမြို့နယ် ဖားပြို(အောက်)ရွာအနားက ပြည်ထောင်စုကားလမ်းမထက်မာ လားနီရေ စစ်ကောင်စီယာဉ်တန်းကို နိုဗမ်ဘာ ၁၃ ရက်နိ မိုးထ ၈ နာရီလောက်မာ ရက္ခိုင့်တပ်တော် AA က မိုင်းဆွဲတိုက်ခိုက်ခပြီးကေ ယင်းတိုက်ခိုက်မှု အတွင်း စစ်ကောင်စီဖက်က ဗိုလ်မှူး ၁ ယောက်နန့် ဗိုလ်ကြီး ၁ ယောက်ကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးရမိခပါရေ။
(၃) နိုဗမ်ဘာ ၁၃ရက်နိ ၁၁ နာရီကျော်မာ ကျောက်တော်မြို့နယ်၊ အပေါက်ဝရဲစခန်းက စခန်းမှူးအပါအဝင် ရဲတပ်သား ၂၂ ယောက် ရက္ခိုင့်တပ်တော် (AA)ဘားမာ လက်နက်ချ အလင်းဝင်ခကတ်ပါရေ။
(၄) နိုဗမ်ဘာ ၁၃ ရက်နိ မိုးထ ၈ နာရီလောက်ကစလို့ မြောက်ဦး၊ မင်းပြားနန့်ရသေ့တောင်မြို့နယ်ရို့မာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ချေတိနန့် ရမ်းသန်းပစ်ခတ်လို့ ဒေသခံ လမ်းလားလမ်းလာတချို့ သီဆုံး၊ ဒဏ်ရာရလားမှုတိ ဟိပါရေ။
(၅) နိုဗမ်ဘာ ၁၃ ရက်နိ ၃ နာရီကျော်မာ ကျောက်ဖြူမြို့နယ် ၊ ဇင်ချောင်း ရဲစခန်းကို ရက္ခိုင့်တပ်တော် (AA)က သိမ်းပိုက် လိုက်ပါရေ။
(၆) ရက္ခိုင်မာ နိုဗမ်ဘာ ၁၃ ရက်နိ မိုးထက ရက္ခိုင့်တပ်တော်(AA) နန့်စစ်ကောင်စီတပ်ရို့ တိုက်ပွဲစလို့ ဖြစ်ပွားပြီးနောက် ရက္ခိုင်ပြည် မြို့နယ်တိက ကုန်လမ်း၊ ရီလမ်းတိကို စစ်ကောင်စီက ပိတ်ထားလိုက်ပါရေ။
(၇) နိုဗမ်ဘာ ၁၃ ရက်နိ ညဇာ ၅ နာရီကျော်မာ စစ်ကောင်စီတပ်က လက်နက်ကြီးနန့် ပစ်ခတ်မှုကြောင့် ကျောက်တော်မြို့ နယ် အပေါက်ဝရွာသားနှစ်ယောက် သီဆုံးလားပြီးကေ ၄ ယောက် ဒဏ်ရာရလားရေအထဲက တယောက်မာ ပြင်းထန် ဒဏ်ရာရလားပါရေ။
၂။၁၄-၁၁-၂၀၂၃(အင်္ဂါ)
(၁) ရက္ခိုင်မာ နိုဗမ်ဘာ ၁၃ ရက်နိ တရက်တည်းအတွင်း အပြစ်မဲ့ဒေသခံပြည်သူ ၂၂ ယောက်ထက်မနည်းကို စစ်ကောင်စီ က ဖမ်းဆီးခပါရေ။
(၂) နိုဗမ်ဘာ ၁၄ ရက်နိက အမ်းမြို့နယ်၊ သဲကမ်းထောင်းကျေးရွာမာ လက်နက်ကြီးကျလို့ ဒေသခံပြည်သူတယောက် သီဆုံးပနာ တယောက်ဒဏ်ရာ ရလားပါရေ။
(၃) နိုဗမ်ဘာ ၁၃ ရက်နိကဖြစ်ပွားခရေ ရက္ခိုင်ပြည်အတွင်းတိုက်ပွဲတိအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ယောက်ထက် မနည်းသီဆုံးခပြီးကေ၊ ဗိုလ်မှူး၊ဗိုလ်ကြီးအပါအဝင် စစ်သုံ့ပန်း ၁၀ ယောက်ဖမ်းဆီးရဟိခပနာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၂၈ ယောက် လက်နက်ချအလင်းဝင်ရောက်လာကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA /AA ကထုတ် ပြန်ပါရေ။
(၄) နိုဗမ်ဘာ ၁၄ ရက်နိ ညဇာက မင်းပြားမြို့နယ်၊ ဆင်ကြီးပြင်(မူဆလင်)ရွာအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီး နန့် ပစ်ခတ်မှုကြောင့် ကိုဆွေယောတ်ဟူဆောန်( ၂၀ နှစ်)၊ ကိုမာမောက်အာလောမ် (၂၅ နှစ်)နန့် ဒေါ်ဆော်မူဒါ (၅၅ နှစ်) ရို့သီဆုံးလားပြီးကေ ၈ ယောက် ပြင်းထန်ဒဏ်ရာရလားပါရေ။
၃။၁၅-၁၁-၂၀၂၃ (ဗုဒ္ဓဟူး)
(၁) ရက္ခိုင်ပြည်၊ မောင်တောအခြီစိုက် စစ်ကောင်စီ၏ ဒုံးညိုနယ်ခြားစောင့်တပ်စခန်းကို (၂၇) နာရီအတွင်း အပြီးသတ် သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA ကနိုဗမ်ဘာ ၁၇ ရက်နိ ညဇာ ၄ နာရီ ၃၀ မိနစ်မာ ထုတ်ပြန်ပါရေ။
(၂) ဘူးသီးတောင်မြို့မာ နိုဗမ်ဘာ ၁၄ ရက်နိညည့်က ဘူးသီးတောင်မြို့၊ အမှတ်(၂) ရပ်ကွက်က ရပ်ကွက် အုပ်ချုပ်ရီး မှူးဦးထွန်းအေး(၅၁နှစ်)၊ ဦးမောင်မြစံ(ခ) ကုလားချေ(၄၅နှစ်)၊ အမှတ် ( ၄) ရပ်ကွက်က ဦးမောင်မြသိန်း (ခ)င/ပိန်ချေ (၅၅နှစ်)၊ ဦးဆွေသန်းဦး(၃၅ နှစ်)၊ အမှတ်(၅) ရပ်ကွက်က ဦးဟာမီတူလ္လာ(၄၃ နှစ်)၊ ဦးနော်အာလောင်(၄၃နှစ်)၊ ဦးမောင်လှဝင်း(ခ) ဟူဆောင်းဇူဟာ(၄၁နှစ်)နန့် ဦးမာမတ်ရော်ဟိမ်း(၄၀နှစ်) ရို့အပြစ်မဲ့ပြည်သူ ၈ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ ဝင်တိ ဝင်ဖမ်းလားပါရေ။
(၃) လက်နက်ချ အညံ့မခံရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိကို ရက္ခိုင့်တပ်တော်AAက လိုက်လံတိုက်ခိုက်လျက်ဟိပါရေ။
၄။ ၁၆-၁၁-၂၀၂၃(ကြာသပတီး)
(၁) နိုဗမ်ဘာ ၁၆ ရက်နိ ညဇာက စစ်ကောင်စီပစ်သတ်လို့ သီဆုံးခရရေ ပေါက်တောမြို့ခံ အရပ်သားပြည်သူရို့အတွက် များစွာဝမ်းနည်းရပြီးကေ ကျူးလွန်ရေလူတိကို လက်တုံပြန် တိုက်ခိုက်လားဖို့လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့် တပ်တော် ULA/AA က ထုတ်ပြန်ပါရေ။
(၂) နိုဗမ်ဘာ ၁၆ ရက်နိ မိုးထ ၁၀ နာရီလောက်က စစ်တွေမာ အဝီးသင်တက္ကသိုလ်ကျောင်းသား ၈ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးလားပါရေ။
(၃)နိုဗမ်ဘာ ၁၆ ရက်နိက ပေါက်တောမြို့ကို စစ်ကောင်စီတပ်က ကြည်း၊ရီ၊လီ တပ်အင်အားသုံးပနာ တိုက်ခိုက်ခပါရေ။
၅။ ၁၇-၁၁-၂၀၂၃(သောကြာ)
(၁) နိုဗမ်ဘာ ၁၇ ရက်နိက မင်းပြားမာ စစ်ကောင်စီတပ်၏ ရည်ရွယ်ချက်ဟိဟိ လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းပြားမြို့၊ အလယ်ပိုင်းရပ်ကွက်၊ မင်းကန်လမ်းက ဦးတင်အောင် (၇၂ နှစ်) သီဆုံးလားပနာ ၆ ယောက် ဒဏ်ရာပြင်းပြင်း ထန်ထန် ဒဏ်ရာရလားပါရေ။
(၂) စစ်တွေမြို့ပေါ်က မြို့ခံတိကို ဖမ်းဆီးနီရေ ဗီဒီယိုဖိုင်ကို အွန်းလိုင်းမာတင်ခရေ လူနန့် ဖခင်ဖြစ်သူကို နိုဗမ်ဘာ ၁၄ ရက်နိက စစ်ကောင်စီက ဖမ်းဆီးလိုက်ပါရေ။
၆။ ၁၈-၁၁-၂၀၂၃ (စနီ)
ပေါက်တောမာ ဖမ်းဆီးခံရလူ အနည်းဆုံး ၁၀၀ ကျော်လောက် ဟိလာနီပါရေ။
၇။ ၁၉-၁၁-၂၀၂(တလင်းဂနီ)
(၁) နိုဗမ်ဘာ၁၉ရက်နိက ကျရောက်ခရေ ရက္ခိုင့်တပ်တော်AA ဗိုလ်လောင်း ၈ ဦးကျဆုံးခြင်း (၉) နှစ်ပြည့် နှစ်ပတ်လည်နိမာ ရက္ခိုင့်တပ်တော်က သဘောထားကြေညာချက် ထုတ်ပြန်ပါရေ။
(၂) လတ်တလောအခြေအနီအရနန့် ဒေသလုံခြုံရီး၊ တရားဥပဒေစိုးမိုးရီး၊ နယ်မြီအေးချမ်းသာယာရီးအတွက်လို့ အကြောင်းပြပနာကျောက်ဖြူမြို့နယ်အတွင်း ပြည်သူတိ ရီကြောင်းခရီးလားလာခွင့်ကို တလတိတိပိတ်ကြောင်း စစ်ကောင်စီက နိုဗမ်ဘာ ၁၉ ရက်နိမာ ဒေသန္တရအမိန့်တစောင်ထုတ်ပြန်ပါရေ။
