
APM ၊နိုဗမ်ဘာ ၂၀ / ၂၀၂၃
ဒေနိ(နိုဗမ်ဘာ ၂၀ ရက်နိ) မိုးထမာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့၊ ပညာပါရမီဘုန်းကြီးကျောင်းကအဆောင်တိနန့် ရွှီအိမ်သာတည်းခိုခန်းကအဆောင်တိအပါအဝင် နီအိမ်အဆောက်အအုံတချို့ထိခိုက်ပျက်စီးခရကြောင်း သိရပါရေ။
ဒေနိမိုးထ ၅ နာရီ ၃၀ မိနစ်လောက်မာ ပုဏ္ဏားကျွန်းအခြီစိုက် စစ်ကောင်စီတပ် ခမရ(၅၅၀)တပ်ရင်းကနီ ပုဏ္ဏားကျွန်းမြို့ထဲသို့ လက်နက်ကြီးနန့် ပစ်ခတ်ခပါရေ။
ယင်းလက်နက်ကြီးကျည်တိစွာ ပညာပါရမီဘုန်းကြီးကျောင်း၊ ရွှီအိမ်သာတည်းခိုခန်းနန့် ပုဏ္ဏားကျွန်း-ရသေ့တောင် လမ်းဆုံအနားက နီအိမ်တချို့မာကျရောက်ပေါက်ကွဲခရေလို့ ဒေသခံတိကပြောပါရေ။
လက်နက်ကြီးကျည်စကျလို့ ပညာပါရမီကျောင်းက အဆောင်တချို့မာ အလုံးစုံထိခိုက်ပျက်စီးခရပိုင် သုံးဘီးဆိုင် ကယ်တစီးလည်းပျက်စီးခရရေလို့ ဆိုပါရေ။
အလားတူ ရွှီအိမ်သာတည်းခိုခန်းမာလည်း လက်နက်ကြီးစထိမှန်လို့ အဆောင်တချို့ပျက်စီးခပိုင် ပုဏ္ဏားကျွန်း-ရသေ့တောင် လမ်းဆုံနားက နီအိမ်တချို့လည်း ထိခိုက်ပျက်စီးခရရေလို့ သိရပါရေ။
နိုဗမ်ဘာ ၁၇ ရက်နိနန့် ၁၈ ရက်နိကလည်း ယင်းခမရ(၅၅၀) တပ်ရင်းက ပုဏ္ဏားကျွန်းမြို့ထဲသို့ လက်နက်ကြီးနန့်ပစ်ခတ်ခလို့ လက်နက်ကြီးကျည်တချို့စွာ ကျောင်း၊ မီးရထားလမ်း နန့် ဘောလုံးကွင်းအနားတိမာကျရောက်ပေါက်ကွဲခပါသိမ့်ရေ။
ရက္ခိုင်မာ ရက္ခိုင့်တပ်တော် AA နန့် တိုက်ပွဲဖြစ်ပွားတိုင်းအထိနာကေ စစ်ကောင်စီစွာ ဒေဂုပိုင် အပြစ်မဟိ ပြည်သူတိနီထိုင်ရေ ရပ်ရွာ၊မြို့ပြတိကို ရည်ရွယ်ချက်ဟိဟိ လက်နက်ကြီး၊လက်နက်ချေတိနန့်ပစ်ခတ်တိုက်ခိုက်လိဟိပါရေ။
ယင်းလက်နက်ကြီး၊လက်နက်ချေကျည်တိကြောင့်လည်း ရက္ခိုင်ပြည်မြို့နယ်အများစုဟိ ဒေသခံတိမာ ထိခိုက်၊ သီဆုံးမှုတိနန့် နီအိမ်အဆောက်အအုံတိ ပျက်စီးဆုံးယှုံးနီကတ်ရကြောင်း သိဟိရပါရေ။



