
APM ၊နိုဗမ်ဘာ ၂၀ / ၂၀၂၃
ဒေနိ (နိုဗမ်ဘာ ၂၀ ရက်နိ)မိုးထက ဘူးသီးတောင်မြို့နယ်မာ စစ်ကောင်စီတပ် က လက်နက်ချေနန့်ပစ်ခတ်လို့ မူဆလင်အမျိုးသမီးတယောက် ကျည်ထိမှန်ဒဏ်ရာရလားကြောင်း သိရပါရေ။
ဒဏ်ရာရလားရေမူဆလင်အမျိုးသမီးမာ ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြာအုပ်စု၊ ရက်ချောင်း(မူဆလင်)ရွာက ဒေါ်နူရူဂျာဟန် (၆၀နှစ်) ဖြစ်ပါရေ။
ဒေနိမိုးထ ၉ နာရီဝန်းကျင်က ဘူးသီးတောင်မြို့နယ် တင်ဆက်(မူဆလင်)ရွာ အနောက်ဖက် တောင်ကုန်းမာ တပ်စွဲထားရေ စစ်ကောင်စီတပ် ခမရ (၂၁၀) တပ်ရင်းက ယင်းရွာပတ်ဝန်းကျင်ဟိ လယ်ယာ၊ ကွမ်းခင်း၊ ဥယျာဉ်ခြံမြီတိသို့ လားရေ ဒေသခံတိကို လက်နက်ချေတိ နန့်လှမ်းပစ်ခပါရေ။
ယင်းပိုင် ပစ်ခတ်လိုက်တေ ကျည်တိစွာ ရက်ချောင်း(မူဆလင်)ရွာထဲ ဝင်လားပြီးကေ ဒေါ်နူရူဂျာဟန်၏ ဘယ်ဖက်ဒူးအောက်မာ ကျည်စထိမှန်လားခပါရေ။
ရက္ခိုင်မာ ရက္ခိုင့်တပ်တော်AAနန့် စစ်ကောင်စီတပ်ရို့တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်စွာ အရပ်သားပြည်သူတိနီထိုင်ရေ ရပ်ရွာတိကို ရည်ရွယ်ချက်ချက်ဟိဟိ လက်နက်ကြီး၊လက်နက်ချေတိနန့် ပစ်ခတ်နီရေအတွက် အရပ်သားပြည်သူတိ မကြာမကြာသီဆုံးဒဏ်ရာရမှုဖြစ်ပေါ်လျက်ဟိပါရေ။
