
APM ၊ နိုဗမ်ဘာ ၂၀ /၂၀၂၃
မြေပုံမြို့၊ တောင်ဖလာတောင်မာ တပ်စွဲထားရေ စစ်ကောင်စီတပ်စွာ ဒေနိ (နိုဗမ်ဘာ ၂၀ ရက်နိ)ညဇာက ဝက်ဖြူတိုင်မြစ်အတွင်း အဝီးသင်ကျောင်းသားတိလိုက်ပါလာရေ ဘုတ်တစီးကို သီနတ်နန့်လှမ်းပစ်ခကြောင်း သိရပါရေ။
ဒေနိညဇာ ၄ နာရီ ခွဲလောက်မာ စစ်တွေကပြန်လာကတ်တေ အဝီးသင်ကျောင်းသားတိ လိုက်ပါလာရေဘုတ်တစီးကို တောင်ဖလာတောင်မာ တပ်စွဲထားရေ စစ်ကောင်စီတပ် ခလရ (၉၃) တပ်ရင်းက သီနတ်နန့်လှမ်းပစ်ခစွာပါ။
“ကျနော်ရို့ဘုတ်နန့်လာကတ်စွာ။ ညဇာ ၄ နာရီခွဲလောက်ဟိပါဖို့။ ငုပင်လယ်ဖောင်တော်ဆိပ်နားအရောက်မာ ယင်းကလိုက်ပစ်စွာ။ လေးငါးချိန်းလောက်ကျဖို့။ အထိအခိုက်တော့မဟိပါ” လို့ အပစ်ခံခရရေ အဝီးသင်ကျောင်းသားတိက ပြောပါရေ။
ရက္ခိုင်မာ ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားခပြီးနောက် စစ်ကောင်စီစွာ ဒေသခံပြည်သူတိ၊ မြို့၊ရွာတိနန့် ခရီးလားလာရေလူတိကို အဓိကထား ဦးတည်တိုက်ခိုက်လို့ဟိနီပါရေ။
နိုဗမ်ဘာ ၁၉ ရက်နိကလည်း မင်းပြားမြို့၊ မယ်တော်တောင်မာ တပ်စွဲထားရေ စစ်ကောင်စီတပ်စွာ မြစ်ကြောင်းတလျှောက်ဖြတ်သန်းလားလာနီကတ်တေ လောင်း၊ ဘုတ်၊ဟွန်ဒါ၊ စစ်လှီတိကို ပွိုင့်ဖိုက် သီနတ်နန့် လှမ်းပစ်ခပါသိမ့်ရေ။
ယင်းပိုင် စစ်ကောင်စီက ရီကြောင်းခရီးလားလာလူတိကို ပစ်မှတ်ထားတိုက်ခိုက်လာရေအတွက် ရက္ခိုင်ပြည်တွင်း ရီကြောင်းခရီးလားလာနီရေ လူတိအနီနန့် အထူးသတိထားလားလာကတ်ဖို့ အရေးတကြီးလိုအပ်နီပါရေ။
