
APM၊ ဂျန်နဝါရီ ၂၀ / ၂၀၂၅
စစ်တွေမြို့နယ်၊ ဝါဘိုရွာကို ဒေနိ(ဂျန်နဝါရီ ၂၀ ရက်နိ) နိခင်း ၁ နာရီကျော်လောက်မာ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ဒရုန်းအသုံးပြုပျာ မီးလောင်ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ရာ အိမ် ၈ ဆောင် မီးလောင်ပျက်စီးလားရေလို့ ဒေသခံတိက ပြောပါရေ။
“ဂနိ၊ နိခင်း ၁ နာရီ ၁၂ မိနစ် နန့် ၁ နာရီ မိနစ် ၂၀ အကြား စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းရွာမာ တပ်စွဲထားရေ အကြမ်း ဖက် ဖက်ဆစ် စစ်ကောင်စီတပ်က ဒရုန်းတိအသုံးပြုပြီးကေ ဝါဘိုရွာကို မီးလောင်ဗုံး ၄ လုံး ကြဲချခပါရေ” လို့ ဒေသခံတယောက်က Arakan Princess Media ကို ပြောပါရေ။
ယင်းဗုံးသီးတိစွာ ဝါဘိုရွာထဲမာ ကျရောက်ပေါက်ကွဲပနာ အိမ် ၈ ဆောင် မီးလောင်ပျက်စီးလားရေလို့ သူက ဆိုပါရေ။
ကုန်ခရေ ဂျန်နဝါရီ ၁၆ ရက်နိကလည်း ယင်းဝါဘိုရွာကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ဂျက်ဖိုက်တာနန့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခလို့ လူနီအိမ်တချို့မီးလောင်ပျက်စီးခရပါသိမ့်ရေ။
အကြမ်းဖက် ဖက်ဆစ် စစ်ယှုံးစစ်ကောင်စီစွာ စစ်တွေမြို့ကို လက်လွှတ်ဆုံးယှုံးရဖို့ ကြောက်ကြီးသန်ဖက်ကျပနာ သူရို့၏ စစ်တွေအခြီစိုက် တပ်ရင်း၊ တပ်ဖွဲ့တိကနီ အပါးဟပ်စပ်က ရပ်ရွာတိကို လီကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတိ နိစဉ်ရက်ဆက် ဆက်တိုက် ပြုလုပ်နီရေလို့ သိဟိရပါရေ။
ပုံစာ – ၂၀၂၅ ခုနှစ်၊ ဂျန်နဝါရီ ၂၀ ရက်နိ၊ နိခင်း ၁ နာရီကျော်အချိန်၌ စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ ဒရုန်းသုံး၍ မီးလောင်ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်တွေမြို့နယ်၊ ဝါဘိုရွာမှ လူနီအိမ်တချို့ မီးလောင်နီသည်ကို တွိရစဉ်(Arakan Princess Media)။



