
APM၊ ဂျန်နဝါရီ ၂၀ /၂၀၂၅
ရက္ခိုင်မာ ၂၀၂၄ ခုနှစ် တနှစ်တာအတွင်း အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ အကြမ်းဖက် တိုက်ခိုက်မှုတိကြောင့် အမျိုးသမီး ၈၃ ယောက်သီဆုံးလားရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က ဒေနိ(ဂျန်နဝါရီ ၂၀ ရက်နိ)မာ ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အချက်အလက်ကောက်ယူမှတ်တမ်းတင်မှုအရ ၂၀၂၄ ခုနှစ်၊တနှစ်တာအတွင်း အသက်သီဆုံးခရသည့် အမျိုးသမီးဦးရေသည် ရက္ခိုင်တွင် ၈၃ ယောက်၊ စစ်ကိုင်းတွင် ၁၀၉ ယောက်၊ သျှမ်းပြည်က ၉၂ ယောက်နန့် မန္တလေးတိုင်းဒေသကြီးတွင် ၆၇ ယောက်ရို့ဖြစ်ကတ်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးသည် ၂၀၂၄ ခုနှစ်အတွင်းအမျိုးသမီးသီဆုံးမှု အများဆုံးဖြစ်သည်” လို့ဖော်ပြထားပါရေ။
ယင်းသီဆုံးလူတိထဲမာ MNDAA က သီဒဏ်ပီးမှုကြောင့် သီဆုံးခရရေ အမျိုးသမီးတယောက်ပါဝင်ပြီးကေ၊ ကျန်လူတိကတော့ အကြမ်းဖက် စစ်အုပ်စု၏ လီကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ မတရားသတ်ဖြတ်မှု၊ မြီမြှုပ်မိုင်းပေါက်ကွဲမှုနန့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတိကြောင့်လို့ဆိုပါရေ။
ယင်းအပြင် လက်တွိမြီပြင်အခြေအနီမာ သတင်းအချက်အလက် စီးဆင်းမှုတိ စိန်ခေါ်မှုတိဟိနီလို့ သီဆုံးသူအရေအတွက်စွာ လက်ဟိကိန်းဂဏန်းတိထက် ပိုများနိုင်ကြောင်းလည်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
ရက္ခိုင်နန့် မြန်မာပြည်တဝှမ်းမာတော့ ၂၀၂၄ ခုနှစ်တနှစ်တာအတွင်း MNDAA က သီဒဏ်ပီးမှုကြောင့် သီဆုံးခရရေ အမျိုးသမီးတယောက်အပါအဝင် အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက်မှုတိကြောင့် အမျိုးသမီး ၄၇၈ ယောက် သီဆုံးခရပြီးကေ၊ ၄၁၂ ဒဏ်ရာရလားကြောင်း BWU၏ ဒေနိထုတ်ပြန်ချက်မာ ဖော်ပြပါဟိပါရေ။


