
APM၊ ဂျန်နဝါရီ ၂၀/၂၀၂၅
အာရက္ခဒေသတိုက်ပွဲတိအတွင်း အာရက္ခတပ်တော်AA က လက်ရဖမ်းမိထားရေ စစ်သုံ့ပန်းတိနန့် သူရို့၏ မိသားစုတိထားရေ နီရာတိကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းတိ နန့် သုံ့ပန်းမိသားစုဝင် ၁၀၀ ကျော် သီဆုံးပြီး ၁၂၀ ကျော် ထိခိုက်ဒဏ်ရာရထားပြီးဖြစ်ကြောင်း သိရပါရေ။
အကြမ်းဖက် စစ်ကောင်စီ၏ ယင်းပိုင် လီကြောင်း ဗုံးကြဲတိုက်ခိုက်မှုတိကြောင့် သီဆုံးဒဏ်ရာရမှုတိအထဲ စစ်သုံ့ပန်းတိအပြင် စစ်သုံ့ပန်း မိသားစုဝင်တိဖြစ်တေ အချေတိ၊အမျိုးသမီးတိလည်းပါဝင်ပါရေ။
၂၀၂၅ခုနှစ်၊ဂျန်နဝါရီ ၁၈ ရက်နိ၊ညဇာပိုင်းမာ စစ်သုံ့ပန်းထားဟိရေ မြောက်ဦးမြို့နယ်၊ရမ်းချောင်းအနားတဝိုက်ကို အကြမ်းဖက်စစ်ကောင်စီက ရည်ရွယ်ချက်ဟိဟိ သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခလို့ အချေနန့်အမျိုးသမီး ၂၈ ယောက် သီဆုံးလားခပြီးကေ ၂၅ ယောက် ထိခိုက်ဒဏ်ရာ ရလားရေလို့ အာရက္ခတပ်တော်၏ ဒီဇမ်ဘာ ၁၉ ရက်နိ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
ကုန်ခရေ ၂၀၂၄ ခုနှစ်၊စပ်တမ်ဘာ ၉ ရက်နိကလည်း မောင်တောမြို့ နခခ (၂) စခန်းကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခလို့ ယင်းစခန်းအတွင်း အာရက္ခတပ်တော် ဖမ်းဆီးထိန်းသိမ်းထားရေ စစ်သုံ့ပန်း ၅၀ ကျော်သီဆုံးလားခပြီးကေ ၈၀ ထက်မနည်း ဒဏ်ရာ ရလားပါရေ။
ယင်းအပြင် ၂၀၂၄ခုနှစ်၊စပ်တမ်ဘာလ ၈ ရက်နိ၊ညဇာပိုင်းကလည်း ပေါက်တောမြို့နယ်၊ရှင်ရွာဟိ စစ်သုံ့ပန်းတိနန့်အကျဉ်းသားတိကို ယာယီဆီးကုသမှုပီးနီရေ စင်တာကို အကြမ်းဖက် ဖက်ဆက် စစ်ကောင်စီက ဂျက်ဖိုက်တာနန့် လီကြောင်းဗုံးကြဲခလို့ စစ်သုံ့ပန်း ၁၇ ယောက်သီဆုံးလားပနာ ၁၀ ယောက် ပြင်းထန် ဒဏ်ရာရလားရေလို့ သိရပါရေ။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်၏ ပြန်ကြားရီး တာဝန်ခံ ဦးခိုင်သုခကတော့ ” စစ်ကောင်စီအဂုပိုင် ပြုလုပ်နီရေ ရာဇဝတ်ပြစ်မှုကြီးတိအတွက် အဓိက သက်သီထွက်ဆိုချက်ပီးနိုင်သူတိစွာ အဂု ဒေစစ်သုံ့ပန်းဖြစ်နီရေ တချိန်က မင်းအောင်လှိုင်ခိုင်းသမျှ အဆင့်ဆင့်လုပ်ဆောင်ခကတ်တေ စစ်အရာဟိတိ၊အလယ်လတ်တပ်မှူးတိ၊ရဲဘော်တိရာ ဖြစ်ပါရေ။ ယင်းကြောင့် ဒေသက်သီထွက်ဆိုနိုင်ရေ စစ်သုံ့ပန်းတိထားရေ နီရာတိကို မင်းအောင်လှိုင်တပ်က ပစ်မှတ်ထားပြီးကေ တိုက်ခိုက်နီစွာဖြစ်တေ” လို့ ပြောဆိုထားပါရေ။
Photo – Arakan Princess Media
