
APM ၊ ဂျန်နဝါရီ ၂၀ / ၂၀၂၃
အီကွေဒေါသား ကွင်းလယ်ကဇတ်သမား ဆိုင်စီဒိုအတွက် ပေါင် ၅၅ သန်းဖြင့် ချဲလ်ဆီးအသင်း၏ ကမ်းလှမ်းချက်ကို ဘရိုက်တန်အသင်းမှ ပယ်ချလိုက်ကြောင်း သိရသည်။
The Athletic ၏ ဖော်ပြချက်အရ ချဲလ်ဆီးသည် ကွင်းလယ်ကဇတ်သမား ဆိုင်စီဒိုအတွက် တရားဝင်ကမ်းလှမ်း မှုတရပ်ပြုလုပ်ခကေလေ့ ဘရိုက်တန်အနီနန့် ရောင်းချရန် အစီစဥ်မဟိဟုဆိုကာ ပယ်ချလိုက်သည်။
ချဲလ်ဆီးနည်းပြ “ဂရေဟန်ပေါ်တာ”က အသင်း၏ကွင်းလယ်ပိုင်းကို အဆင့်မြှင့်တင်ရန်အတွက် အဓိကကဇတ် သမားအဖြစ် သတ်မှတ်၍ ဆိုင်စီဒိုကို ခေါ်ယူရန်ကြိုးပမ်းခခြင်း ဖြစ်သည်။
အသက် ၂၁ နှစ်အရွယ် အီကွေဒေါကြယ်ပွင့်သည် ၂၀၂၁ ခုနှစ်မှစ၍ ဘရိုက်တန်အတွက် စုစုပေါင်း၂၈ ပွဲကဇတ် ထားပြီး၊ ၂ ဂိုးသွင်း၊ ၃ ဂိုးဖန်တီးပီးထားကာ၊ အသင်းနန့် ၂၀၂၅ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားသည်။
ချဲလ်ဆီးအသင်းသည် ဒေဂုရာသီမှာ အသင်းပိုင်သျှင် တော့ဘိုလီ လက်ထက် ကဇပ်သမား ၁၃ ယောက်အထိ ခေါ်ယူထားပြီး၊ ပေါင် ၄၂၁ သန်း အသုံးပြုထားကြောင်း သိရသည်။
Source – Chelsea have £55m Caicedo transfer bid rejected by Brighton
Photo – Getty Image
