APM ၊ ဂျန်နဝါရီ ၂၀ /၂၀၂၃
ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟုဆိုကာ မြန်မာစစ်တပ်က မတရားဖမ်းစီးပြီး၊ မတရားအသင်း ဆက်သွယ် မှု ပုဒ်မ ၁၇(၁)အပြင် စစ်ပုန်ကန်မှုဥပဒေပုဒ်မ ၁၃၁ နန့်ပါ ထပ်တိုးတရားစွဲထားရသည့် ကျောက်တော်မှ ဆန်စက် ပိုင်သျှင်အမှုကို ဒေနိ(ဂျန်နဝါရီ ၂၀ ရက်နိ) တွင် ရုံးထုတ်ကေလေ့ တရားလိုမရောက်ဟုဆိုကာ အမှုမစစ်ခကြောင်း သိရသည်။
ပုဒ်မ ၂ ခုနန့် တရားစွဲခံထားရသူမှာ ကျောက်တော်မြို့နယ်၊ ကာဒီရွာ (ခ) သဇင်ရွာမှ ဆန်စက်ပိုင်သျှင် ဦးလှမောင် သန်း (၄၃ နှစ်) ဖြစ်သည်။
ဦးလှမောင်သန်းကို ဒေနိတွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ တရားလိုမရောက်ဟုဆိုကာ အမှုကို မစစ်ဆီးခဟု မိသားစုဝင်များကပြောသည်။
ဦးလှမောင်သန်းကို ကုန်ခသည့်အောက်တိုဘာ ၂ ရက်နိက ကန်စောက်အခြီစိုက် မြန်မာစစ်တပ် ခမရ (၅၃၉) တပ် ရင်းမှူးမှ ဖုန်းဆက်ခေါ်၍ အပေါက်ဝကျေးရွာမှ ဦးမောင်ချေ(၃၉ နှစ်)နန့်အတူလားရောက်စဉ် ၂ ယောက်စလုံးကို ပြန်မလွှတ်ဘဲ ဖမ်းထားလိုက်ခြင်းဖြစ်သည်။
ယင်းနောက် သူရို့နှစ်ယောက်စလုံးကို စစ်တွေမြို့နယ်တရားရုံး၌ ပုဒ်မ ၁၇ (၁)နန့် တရားစွဲထားခပြီးနောက်၊ ကုန် ခသည့် ဒီဇမ်ဘာ ၁၉ ရက်နိ ရုံးချိန်းမှာ ဦးလှမောင်သန်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၁ နန့်ပါ ထပ်ထိုး တရားစွဲ ဆိုလိုက်ခြင်းဖြစ်သည်။
လက်ဟိတွင် သူရို့ ၂ ယောက်စလုံးကို စစ်တွေအမှတ်(၁)ရဲစခန်း၌ ထိန်းသိမ်းချုပ်နှောင်ပြီး ယင်းသို့ အမှုမစစ်ခဘဲ ရုံးချိန်းရွှိခံရသည်မှာ ဒေတကြိမ်နန့်ဆိုလျှင် (၅) ကြိမ်ဖြစ်ကြောင်း သိဟိရပါသည်။