APM ၊ ဂျန်နဝါရီ ၂၀ / ၂၀၂၃
မတရားအသင်းဆက်သွယ်မှု ၁၇(၁)နန့် တရားစွဲခံထားရသည့် ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းဈီး အုပ်ချုပ်ရီးမှူး ၏ အမှုကို ဒေနိ(ဂျန်နဝါရီ ၂၀ ရက်နိ)တွင် ဘူးသီးတောင်မြို့နယ်တရားရုံး၌ (၇) ကြိမ်မြောက် ရုံးထုတ်ခကြောင်း သိရသည်။
ပုဒ်မ ၁၇(၁)နန့် တရားစွဲဆိုခံထားရသည့် မီးကျောင်းဈီး(မူဆလင်)ရွာအုပ်ချုပ်ရီးမှူးမှာ ဦးဟာမိတ်တူဆောင်း ဖြစ် သည်။
အမှုကို ဒေနိတွင် ဘူးသီးတောင်မြို့နယ်တရားရုံး၌ (၇) ကြိမ်မြောက်ရုံးထုတ်ခပြီး ၊ လိုပြသက်သီ ၅ ယောက်ကို စစ်ဆီးကာ၊ လာမည့် ဂျန်နဝါရီ ၂၇ ရက်နိသို့ ထပ်မံရုံးချိန်းလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
ကုန်ခသည့် စပ်တမ်ဘာ ၃ ရက်နိက ဘူးသီးတောင်အခြီစိုက် မြန်မာစစ်တပ် ခလရ (၂၃၄) တပ်ရင်းမှ ဘူးသီးတောင် မြို့နယ်ဟိ အုပ်ချုပ်ရီးမှူး ၁၂ ယောက်အားတွိဆုံရန် ခေါ်ယူခပြီးနောက်၊ ယင်းအထဲမှ မီးကျောင်းဈီး (မူဆလင်)ရွာ အုပ်ချုပ်ရီးမှူး ဦးဟာမိတ်တူဆောင်း နန့် တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ ရို့နှစ်ယောက်ကို ပြန်မ လွှတ်ဘဲ ဖမ်းထားလိုက်ခြင်းဖြစ်သည်။
ယင်းနောက် ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟု စွပ်စွဲကာ အုပ်ချုပ်ရီးမှူးနှစ်ယောက်စလုံးအား ပုဒ်မ ၁၇(၁) နန့် တရားစွဲဆို၍ ဘူးသီးတောင်မြို့နယ်တရားရုံး၌ ရုံးထုတ်လျက်ဟိရာ ဦးဦးကျော်လှကိုတော့ ဂျန်နဝါရီ ၁၉ ရက်နိ၌ (၇) ကြိမ်မြောက်ရုံးထုတ်လျက် လိုပြသက်သီ ၂ ယောက်ကိုစစ်ဆီးခပြီး လာမည့်ဂျန်နဝါရီ ၂၆ ရက်နိသို့ ထပ်မံရုံးချိန်း ထားသည်။
လက်ဟိတွင် ယင်းအုပ်ချုပ်ရီးမှူး နှစ်ယောက်စလုံးကို ဘူးသီးတောင် အကျဉ်းထောင်၊ ထောင်ချုပ်၌ ထိန်းသိမ်းချုပ် နှောင်ထားကြောင်း သိဟိရသည်။