
APM ၊ ဂျန်နဝါရီ ၂၀ / ၂၀၂၃
ကုလားတန်စီမံကိန်း၏ အစိတ်အပိုင်းတခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ်ကို မကြာခင် ဖွင့်လှစ်နိုင်မည်ဖြစ် ကြောင်း သိရသည်။
လက်ဟိတွင် ယင်းဆိပ်ကမ်း၌ လာရောက်ဆိုက်ကပ်မည့် နိုင်ငံတကာသင်္ဘောများ အဝင်/အထွက် ပြုလုပ်နိုင်ရီး အတွက် အဆင်သင့်ဖြစ်နီကာ ပြည်တွင်း သင်္ဘောများ ဝင်ရောက်နိုင်ရီးအတွက်လေ့ လိုအပ်သည်များကို လုပ် ဆောင်ပြီးဖြစ်၍ စစ်တွေဆိပ်ကမ်းသစ်ကို ဒေလအတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ရက္ခိုင်ကုန်သည်များ က ပြောဆိုနီကတ်သည်။
စစ်တွေဆိပ်ကမ်းသစ်ဖွင့်လှစ်ခြင်းဖြင့် ရက္ခိုင်ပြည်မှကုန်စည်များကို အိန္ဒိယပြည်သို့ တိုက်ရိုက်ကူးသန်းသယ်ယူ ပို့ဆောင်လာနိုင်မည်ဖြစ်ပြီး ကုန်သွယ်မှုမြန်ဆန်လာကာ ရက္ခိုင်ပြည်အတွက်လေ့ အကျိုးဟိလာနိုင်ကြောင်း ကုန်သည် အများက ဆိုသည်။
စစ်တွေဆိပ်ကမ်းသစ်ဖွင့်လှစ်ပြီးပါက စစ်တွေဆိပ်ကမ်းနန့် ကာလကတ္တားဆိပ်ကမ်းသို့ တန်ချိန် ၅၀၀၀-၆၀၀၀ သင်္ဘောများ တိုက်ရိုက် ဗြီးဆွဲမည်ဟုဆိုသည်။
ကုလားတန် စီမံကိန်းကို ကုန်ခသည့် ၂၀၀၈ ခုနစ်တွင် အိန္ဒိယနန့် သဘောတူလက်မှတ်ရွီးထိုးခပြီး အိန္ဒိယဖက်က အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံကာ၊ ၂၀၁၀ ခုနှစ် စပ်တမ်ဘာလမှ စ၍ အကောင်အထည်ဖော် ဆောင် ရွက်နီခြင်းဖြစ်သည်။
ယင်းစီမံကိန်းတွင် စစ်တွေနန့် ပလက်ဝ၌ ဆိပ်ကမ်းသစ်များတည်ဆောက်ရန်၊ ကုလားတန်မြစ်ကူးတန်းထားနန့် ပလက်ဝမှ အိန္ဒိယပြည် မီဇိုရမ်အထိ မော်တော်ကားလမ်းဖောက်လုပ်ရန် စသည်ရို့ပါဝင်သည်။
