
APM ၊ စပ်တမ်ဘာ ၂ / ၂၀၂၃
တော့တင်ဟမ်ဟော့စပါးအသင်းသည် နော်တင်ဟမ်ဖောရက်စ်အသင်းမှ ဝေးလ်တောင်ပံကဇတ်သမား ဘရန်နန်ဂျွန်ဆင်ကို ခေါ်ယူလိုက်ကြောင်း စပ်တမ်ဘာ ၁ ရက်နိတွင် အတည်ပြုကြေညာသည်။
တော့တင်ဟမ်ဟော့စပါးအသင်းဖက်မှ ဂျွန်ဆင်ကို ပြောင်းရွိကြေးအဖြစ် ယူရို ၄၅ သန်းပီးချီခရပြီး ၂၀၂၉ ခုနှစ်အထိ ၆ နှစ်စာချုပ်ချုပ်ခသည်ဟုဆိုသည်။
“အသင်းမှာ အကောင်းဆုံး စွမ်းပီးခရေ ဂျွန်ဆင်နန့်အမှတ်တရက်တိကို ကျနော်ရို့အနီနန့် အမြဲတမ်းသတိရနီပါဖို့။သူ့အတွက် လည်း ဂုဏ်ယူမိပါရေ။ သူ့အနီနန့် ကဇတ်သမားဘဝ နောက်ဆုံးခြီလှမ်းအထိ တက်လှမ်းနိုင်ဖို့လို့လည်း ယုံကြည်ပါရေ”ဟု နော်တင်ဟမ်ဖောရက်စ်အသင်းဖက်က ပြောကြားခသည်။
အသက် ၂၂ နှစ်အရွယ် ဘရန်နန်ဂျွန်ဆင်သည် ဖောရက်စ်အသင်းတွင် ပွဲပေါင်း ၁၀၈ ပွဲပါဝင်ကဇတ်ခရာ ၂၉ ဂိုး သွင်းယူကာ ဂိုးဖန်တီမှု (၁၂) ကြိမ် ပြုလုပ်ပီးထားခသည်။
Source – Spurs sign Johnson from Forest in 45m-plus deal
Photo -The Sun
