
APM ၊ သြဂတ်စ် ၂ / ၂၀၂၃
ပြင်သစ်လီဂူးဝမ်းကလပ် မိုနာကိုအသင်းသည် ပြီးခသည့်ရာသီက ပရီးမီးယားလိဂ်မှ တန်းဆင်းလားရသည့် ဆောက်သမ်တန်အသင်း၏ ဂါနာနောက်အခံလူ မိုဟာမက်ဆာလီဆူ ကို ငါးနှစ်စာချုပ် နန့် ခေါ်ယူလိုက်ကြောင်း သြဂတ်စ် ၁ ရက်နိတွင် အတည်ပြုပြောကြားသည်။
အသက် ၂၄ နှစ်အရွယ် ဆာလီဆူအတွက် မိုနာကိုအသင်းဖက်က ယူရို ၁၅ သန်း ပီးဆောင်ခရသည်ဟု သတင်းများက ဆိုသည်။
၂၀၂၀ ခုနှစ်တွင် ဗယ်လာဒိုလစ်အသင်းမှ ဆောက်သမ်တန်သို့ ရောက်လာသည့် ဆာလီဆူသည် ပရီးမီးယားလိဂ်ပွဲပေါင်း ၇၀ နီးပါး ကဇတ်ခသည့်အပြင် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားတွင်လေ့ ဂါနာအတွက် ဂိုးသွင်းပီးခသည်။
မိုနာကိုသည် ပြီးခသည့်ရာသီက လီဂူးဝမ်းတွင် အဆင့် (၆) နီရာ၌ ရပ်တည်နိုင်ခပြီး ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခရကြောင်း သိရသည်။
Source- Ghanaian defender Salisu signed for Monaco/Reuters
Photo- Football Insider
