
APM ၊ ဩဂတ်စ် ၂ /၂၀၂၄
Mocha မုန်တိုင်းဒဏ်သင့် ရက္ခိုင်တွင် နောက်ထပ်အားကောင်းသောမုန်တိုင်းချေတခု၏ အဟိန်ကြောင့် ဩဂတ် ၁ ရက်နိကနီ အေနိ(ဩဂတ်စ် ၂ ရက်နိ)အထိ မိုး အဆက်မပြတ် ရွာသွန်းနီပြီး မြို့နယ်တချို့တွင် ရီကြီး၊ ရီးလျှံမှုများ ဖြစ်ပေါ်နီကြောင်း သိရသည်။
ရက္ခိုင်တွင် ပြီးခသည့် ၂ လကျော်က တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဒေသခံပြည်သူ ထောင်ချီ ဆိုးဆိုးဝါးဝါးထိခိုက်နစ်နာခရပြီး ၊ တချို့မှာ လက်ဟိအချိန်ထိ အမိုးအကာအောက်သို့ ရောက်ရန် ခက်ခဲနီတုန်းဖြစ်ကာ ဒေဂု နောက်ထပ်ရီကြီးမှုများကြောင့် ပို၍အခက်ကြုံနီကတ်ရသည်။
မိုးလီဝသနန့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂတ်စ် ၂ ရက်၊မိုးထ ၅ နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလာ ပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခသည့် မုန်တိုင်းချေသည် ဘင်္ဂလားဒေ့ချ်နိုင်ငံ ခီပူပါရာမြို့အနားမှ ဝင်ရောက်တိုက်ခတ်နီသည်ဟု ဆိုသည်။
လက်ဟိတွင် ယင်းမုန်တိုင်းချေအဟိန်ကြောင့် သံတွဲ၊တောင်ကုတ်နန့် ပေါက်တောမြို့နယ်များတွင် မိုးကြီး၊လီပြင်း တိုက်ခတ်မှုများကြောင့် ရီကြီး၍ နီအိမ်များပြိုကျလားပြီး၊ လယ်ယာမြီများလေ့ပျက်စီး လားသည့်အပြင် စာသင် ကျောင်းတချို့လေ့ ပိတ်ရထားသည်ဟု ဒေသခံများက ပြောသည်။
အလားတူ ပုဏ္ဏားကျွန်း၊ကျောက်တော်မြို့နယ်များဟိ နလန်ထူစ မုန်တိုင်းသင့် စစ်ဖီးယှောင်စခန်းများမှာလေ့ လက်ဟိအချိန်ထိ မိုးကြီးပြီး၊လီပြင်းတိုက်ခတ်မှုများကြောင့် ရီများဝင်ရောက်လာကာ နီအိမ်တချို့ပျက်စီးလာနီသည်ဟု စစ်ဖီးယှောင်များက ဆိုသည်။
Mocha မုန်တိုင်းဒဏ်သင့်ခမှုကြောင့် အမိုးအကာအောက်သို့ မရောက်နိုင်သည့်ကြား ဒေဂု ရီကြီးမှုကြောင့်လေ့ နီအိမ်များပျက်စီးမှုများဖြစ်လာနီ၍ ပြန်လည်ထူထောင်ရီးပိုင်းတွင် ပို၍အခက် ကြုံလာမည်ကို စိုးရိမ်နီကတ်ရသည်ဟု ဆိုသည်။
ကမ်းရိုးတန်းဒေသတခုဖြစ်သည့် ရက္ခိုင်ပြည်တွင် ဒေဂုနှစ်များအတွင်း ရာသီဥတုပြောင်းလဲမှု အကျိုးဆက်အဖြစ် မိုးရွာသွန်းမှုပုံစံပြောင်းလဲလာခြင်း၊ ပျှမ်းမျှအပူချိန်မြင့်တက်လာခြင်းနန့် ဖျက်အားပြင်းဆိုင်ကလုန်းမုန်တိုင်းများ ဝင်ရောက်ခြင်းများ မကြာမကြာကြုံတွိလာနီရကြောင်း သိဟိရသည်။


