
APM၊ ဩဂတ်စ် ၂/ ၂၀၂၃
တရုတ်နိုင်ငံ မြို့တော် ဘေကျင်းနန့် အနားတဝိုက်ဒေသများတွင်ဖြစ်ပွားနီသည့် ရီကြီးရီလျှံမှုကြောင့် ဩဂတ်စ် ၁ ရက်နိအထိ သီဆုံးသူ ၂၀ ဟိလာပြီး ၃၃ ယောက်ပျောက်ဆုံးနီကြောင်း အာဏာ ပိုင်များက ပြောပါသည်။
ဩဂတ်စ် ၁ရက်နိက ဘေကျင်း ရီကြီးမှုအတွင်း လူ ၁၁ ယောက်သီဆုံးကာ ၂၇ ယောက်ပျောက်ဆုံးခပြီး၊ ဟိဘီ ပြည်နယ် ရီကြီးမှုတွင် လူ ၉ ယောက် သီဆုံးကာ ၆ ယောက် ပျောက်ဆုံးနီကြောင်း CCTV သတင်းဌာနက ဖော်ပြပါသည်။
ရီကြီးမှုများကြောင့် ဘေကျင်းမြို့၊ တီယန်ကျင်းနန့် ဂျူကျိုးမြို့များ၌ လမ်း များရီမြုပ်ခြင်း၊ သစ်ပင်များ ပြိုလဲခြင်း များကြောင့် ဒေသခံထောင်ပေါင်းများစွာကို စာသင်ကျောင်းများနန့် အများပြည်သူဆိုင်ရာ အဆောက်အအုံများသို့ ရွှိပြောင်း ထားရသည်။
အလားတူ ဘေကျင်းမြို့အနောက် တောင်ပိုင်း ဂျူကျိုးမြို့မှ ဒေသခံ ၁၂၅,၀၀၀ လောက်ကို ဖီးလွှတ်ရာသို့ ရွှိပြောင်းခရပိုင် တီယန်ကျင်းမြို့မှ လူ ၃၅,၀၀၀ လောက်နန့် ဟူဘီပြည်နယ်၊ ချန်ဂီခရိုင်တွင် လူပေါင်း ၄၂,၀၀၀ လောက်ကိုလေ့ ဖီးလွတ်ရာသို့ ရွှိပြောင်းပီးထားရကြောင်း ဒေသအာဏာပိုင်များက ဆို ပါသည်။
၎င်းဒေသများတွင် ဂျူလိုင် ၂၉နိမှစ၍ ဒေနိအထိ မိုးရီချိန် လက်မ ၂၉ လက်မအထိ မိုးပြင်း ပြင်းထန်ထန်ရွာသွန်းခပြီး အဆိုပါမိုးရီချိန်သည် ဘေကျင်းဒေသ၌ နှစ်ပေါင်း ၁၄၀ အတွင်း အဆိုးရွားဆုံး မိုးရွာသွန်းမှုဟု မိုးလီဝသဌာနမှ ထုတ်ပြန်ထားသည်။
ပြီးခသည့် ဂျူလိုင်လ အစောပိုင်းကလေ့ ချုံချင့်မြို့တွင် ရီကြီးရီလျှံမှုများကြောင့် လူ ၁၅ ယောက်ထက်မနည်း သီဆုံးခရသိမ့်သည်။
Source – Floods around Chinese capital kill at least 20, leave 27 missing as thousands evacuated
Photo China News Service
