APM ၊ သြဂတ်စ် ၂ / ၂၀၂၃
စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ထဲတွင် ရက္ခိုင့်တပ်တော် AA ဆက်စပ်သံသယနန့် ဖမ်းဆီးခံထားရလူ ၆၁ ယောက် ပါဝင်ကြောင်း သိရသည်။
၎င်းရို့မှာ သံတွဲထောင်မှ ၁၆ ယောက်၊ ကျောက်ဖြူထောင်မှ ၁၀ ယောက်၊ စစ်တွေထောင်မှ ၁၂ ယောက်၊ ကျောက်တော် အချုပ်ခန်းမှ ၂ ယောက်၊ တောင်ကုတ်မှ ၃ ယောက်၊ အမ်းက ၅ ယောက်၊ ဘူးသီးတောင်က ၉ ယောက်နန့် မောင်တောက ၄ ယောက်ဟု ကနဦး သိဟိရသည်။
ပြန်လွတ်လာသူများမှာ အမှုရင်ဆိုင်နီရသူများနန့် စီရင်ချက်ချ၍ ထောင်ကျနီသူများလေ့ ပါဝင်သည်။
သို့သော် လက်ဟိအချိန်ထိ ရက္ခိုင်ပြည်မြို့နယ်အသီးသီးဟိ အချုပ်ခန်းများ၊ အကျဉ်းထောင်များ၌ AA နန့်ဆက်စပ်၍ ဖမ်းဆီးခံထားရသူ ရာနန့်ချီ၍ ဆက် လက် ကျန်ဟိနီဆဲဖြစ်သည်။
Please follow and like us: