
APM၊ ဩဂတ်စ် ၂/ ၂၀၂၃
တရုတ်နိုင်ငံအတွက် သူသျှိုလုပ်သည်ဆိုကာ ထိုင်ဝမ်စစ်တပ်အရာဟိတယောက်ကို ဒေနိ (ဩဂတ်စ် ၂ရက်)နိတွင်ဖမ်းဆီး လိုက်ကြောင်း ထိုင်ဝမ်အစိုးရက ထုတ်ပြန် ကြေညာသည်။
ဖမ်းဆီးခံရသူမှာ သျှီးအမည်ဟိ ဒု-ဗိုလ်မှူး ကြီးဖြစ်ပြီး ၎င်းနန့်တတူ တခြားပူးပေါင်းဆောင်ရွက်သူတယောက်လေ့ အဖမ်းခံ လိုက်ရသည်။
နိုင်ငံတော် ကာကွယ်ရီးဆိုင်ရာလျှို့ဝှက်အချက်အလက်များနန့် တခြားအချက်အလက်များကို တရုတ်နိုင်ငံသို့ စုဆောင်းပီးပို့ နီသည်ဟု သံသယဖြင့် ၎င်းရို့နှစ်ယောက်ကို ဖမ်းဆီးရကြောင်း ထိုင်ဝမ်ကာကွယ်ရီးဝန်ကြီးဌာနက ဆိုသည်။
ယင်းသို့ နိုင်ငံတော် ကာကွယ်ရီး တာဝန်ကို ချိုးဖောက်သူများကို ပြင်းပြင်း ထန်ထန်အရေးယူလားမည်ဟု ဆိုသည်။
တရုတ်နန့် ထိုင်ဝမ်ရို့အကြား စစ်ရီးတင်းမာမှုများ ဆက်လက်မြင့်တက်နီချိန်တွင် ဒေဂုပိုင် ဖမ်းဆီးထိန်းသိမ်းမှုများ ဟိလာခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် ထိုင်ဝမ်ထံမှ စစ်ဖက်ဆိုင်ရာလျှို့ဝှက်ချက်များကို ငွေကြေးများပီးကာ အငြိမ်းစားထိုင်ဝမ်စစ်ဖက်ဆိုင်ရာ ဝန်ထမ်းများကို စည်းရုံးလှုံ့ဆော်မှုများ လုပ်ဆောင်လျှက်ဟိသည်ဟု ဆို သည်။
ယင်းအမှုနန့်ပတ်သက်၍ စစ်တပ်အငြိမ်းစား ဗိုလ်မှူးတယောက်နန့် တခြားလူသုံးယောက်ကိုလေ့ ထိုင်ဝမ်အာဏာပိုင်များက စစ်ဆီးမိန်းမြန်းခပြီး အမေရိကန်ဒေါ်လာ ၆၃၀မှ ဒေါ်လာ ၁၉,၀၀၀ အကြား ဒဏ်ငွေပီးဆောင်ရန်ချမှတ်ကာ အာမခံဖြင့် လွှတ်ပီးခကြောင်း တိုင်ပေတိုင်းမ် သတင်းစာတွင် ဖော်ပြသည်။
ပြီးခသည့် ဂျူလိုင်လကလေ့ ထိုင်ဝမ်အာဏာပိုင်များသည် တရုတ်နိုင်ငံအတွက် သူသျှိုလုပ်သည်ဟု သံသယဖြင့် တရုတ် အမျိုးသား ၁ ယောက်အပါအဝင် လူ ၅ ယောက်ကို ဖမ်းဆီးခပါသိမ့်သည်။
Source – Taiwan detains army officer suspected of leaking military secrets to China
Photo AP
