
APM ၊ သြဂတ်စ် ၂ / ၂၀၂၃
တရုတ်ဘောလုံးကလပ် လျောင်နင်း ချန်းယန်အသင်း၏ နည်းပြဖြစ်သူ ဒွမ်ချင်သည် ဘောလုံးပွဲစဉ်တပွဲတွင် ကွင်းလယ်ဒိုင်လူကြီး၏ ပါး ကိုသတ်၍ ကိုယ်ထိလက်ရောက်ကျူးလွန်ခသည့်အတွက် ၈ လ ပွဲပယ်ပြစ်ဒဏ် နန့် ဒဏ်ငွေ ယွမ် ၁၅၀,၀၀၀ ချမှတ်လိုက်ကြောင်း တရုတ်ဘောလုံးအဖွဲ့ချုပ် (CFA) က ဒေနိ(သြဂတ်စ် ၂ ရက်) နိတွင် ပြောသည်။
ပြီးခသည့် ဂျူလိုင် ၂၃ ရက်က နန်ကျင်းမြို့တွင် ယှဉ်ပြိုင်ကဇတ်သည့် ဘောလုံးပွဲစဉ်တွင် လျောင်နင်း ချန်းယန်အသင်း နည်းပြ ဒွမ်ချင် သည် ဒိုင်လူကြီးအား စော်ကားမှုအတွက် အနီကတ်ဖြင့်ထုတ်ပယ်ခံခရပြီး အဆိုးမြင်သော အပြုအမူကို ပြုလုပ်ခကြောင်း CFA က ဆိုသည်။
တရုတ်ဘောလုံးအဖွဲ့ချုပ်အနီ နန့် စည်းကမ်းဖောက်ဖျက်မှု အမျိုးမျိုးကို စည်းကမ်းဥပဒေပါ ပြဋ္ဌာန်းချက်များနန့် အညီ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေယှင်းလားမည် ဟု ထုတ်ပြန်ထားသည်။
Source- China coach Duan Xin was banned for 8 months for physically assaulting a referee/CNA
Photo- The Independent Ghana
