APM ၊ ဩဂတ်စ် ၂ / ၂၀၂၃
ဒေနှစ်(၂၀၂၃ ခုနှစ်) ဂျန်နဝါရီ လ မှ ဂျူလိုင် ၃၁ ရက်နိအထိ ၇ လအတွင်း ရက္ခိုင်ပြည်မြို့နယ် အသီးသီးတွင် သွီးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားလူ ၁,၀၃၆ ယောက်ထိဟိလာပြီး၊ သီဆုံးလူ ၆ ယောက်ဟိကြောင်း ကျန်းမာရီးဌာနမှ သိရသည်။
မြို့နယ်အလိုက် သွီးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ စစ်တွေတွင် ၂၀၉ ယောက်၊ ပုဏ္ဏားကျွန်း တွင် ၅၃ ယောက်၊ ပေါက်တောတွင် အယောက် ၆၀၊ ရသေ့တောင်တွင် ၁၅ ယောက်၊ မြောက်ဦးတွင် ၃၇ ယောက်၊ ကျောက်တော်တွင် ၅၂ ယောက်၊ မင်းပြားတွင် ၃၁ ယောက်၊ မြေပုံတွင် ၁၀ ယောက်၊ မောင်တောတွင် ၁၅ ယောက်၊ ဘူးသီးတောင်တွင် အယောက် ၄၀ ၊ ကျောက်ဖြူ တွင် ၂၀၆ ယောက်၊ ရမ်းဗြဲတွင် ၁၈ ယောက်၊ သံတွဲ တွင် ၆၄ ယောက်၊ ဂွတွင် ၁၆ ယောက်၊ အမ်းတွင် ၁၅ ယောက်၊ တောင်ကုတ် တွင် ၁၆၄ ယောက်နန့် မာန်အောင်တွင် ၁၈ ယောက်ဖြစ်သည်ဟုဆိုသည်။
ယင်းအပြင် ပုဏ္ဏားကျွန်းတွင် ၃ ယောက် ၊တောင်ကုတ်တွင် ၁ ယောက်၊မြေပုံတွင် ၁ ယောက်နန့် ပေါက်တောတွင် ၁ယောက် စုစုပေါင်း ၆ ယောက်သီဆုံးခရပြီး သီဆုံးသူများအားလုံးသည် အသက် ၁၅ နှစ်အောက် အချေများဖြစ်ကတ်သည်။
ဒေရက်ပိုင်များအတွင်း သွီးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရီးလုပ်ငန်းများအား ဒေသဟိ အရပ်ဖက်အဖွဲ့အစည်း များနန့် လူမှုကူညီရီးအဖွဲ့အစည်းများက တနိုင်တပိုင်လုပ်ဆောင်နီကတ်ကေလေ့ လုံလောက်မှုမဟိသိမ့်ကြောင့် ဒေသခံများ က ဆိုသည်။
သွီးလွန်တုပ်ကွေးရောဂါမှာ ၁၅ နှစ်အောက် အချေများ၌ အဖြစ်များပြီး နောက်ပိုင်းသက်ကြီးပိုင်းများတွင်လေ့ ဖြစ်ပွားမှုများ တွိလာရသည်။
သွီးလွန်တုပ်ကွေးရောဂါသည် ခြင်ကျားကိုက်ခံရခြင်းမှ တဆင့်ဖြစ်ပွားတတ်ပြီး တခါတရီ အသက်သီဆုံးနိုင်၍ ရောဂါ ဖြစ်ပွားလာပါက ဆီးရုံ၊ ဆီးခန်းများသို အယင်ဆုံးလားရောက်ကုသကတ်ရန်ကျန်းမာရီးဌာနမှ အသိပီးထား သည်။