APM ၊ ဩဂတ်စ် ၂ / ၂၀၂၃
အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့အပြင်ဖက်ဟိ အဝီးဗြီးလမ်းမတခုထက်တွင် ဩဂတ်စ် ၁ရက်နိက ဖြစ်ပွားခသည့် ကရိန်းကျိုးကျမှု ကြောင့် သီဆုံးလူ ၂၀ အထိဟိလာကြောင်း အာဏာပိုင်များက ပြောကြားသည်။
ကရိန်းကျိုးကျမှုမှာ မဟာရာချထရာပြည်နယ် ဆန်းရတ်ဒီအဝီးဗြီးလမ်းဟိ တန်းထားဆောက်လုပ်ရီးလုပ်ငန်းခွင်တခုတွင် ဖြစ်ပွားခခြင်းဖြစ်သည်။
ကရိန်းကျိုးကျ၍ သီဆုံးသူများမှာ အင်ဂျင်နီယာများနန့် ဆောက်လုပ်ရီးအလုပ်သမားများဖြစ်သည်ဟု သဘာဝဖီးအန္တရာယ် တုံ့ပြန်ရီးအဖွဲ့က ဆိုသည်။
၎င်းဖြစ်စဉ်တွင် ကနဦးက လူ ၁၆ ယောက်သီဆုံးခပြီး နောက်ပိုင်းတွင် အပျက်အစီးများအောက်မှ သီဆုံးနီသည့် နောက်ထပ် အလုပ်သမား ၄ ယောက်ကို ထပ်မံတွိဟိခကြောင်း သဘာဝဖီးအန္တရာယ်တုံ့ပြန်ရီးအဖွဲ့က ဩဂတ်စ် ၁ရက်နိ ညည့်ပိုင်း၌ ထုတ်ပြန်သည်။
ထိခိုက်ဒဏ်ရာပြင်းထန်သူ ၃ယောက်ကို ဆီးရုံသို့ ပို့ဆောင်ထားရကြောင်းလေ့ သိရသည်။
အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက သီဆုံးသူများ၏ မိသားစုများအတွက် ရူပီးငွေ ၂၀၀,၀၀၀ (ဒေါ်လာ ၂,၄၃၂) နန့် ဒဏ်ရာ ရသူများအား ရူပီး ၅၀,၀၀၀ (ဒေါ်လာ ၆၀၈) ထောက်ပံ့မည်ဖြစ်ဟု ပြောသည်။
အိန္ဒိယတွင် ယင်းကဲ့သို့ ဆောက်လုပ်ရီးလုပ်ငန်းခွင်များတွင်မတော်တဆမှုများ မကြာမကြာ ဖြစ်လိဟိသည်။
Source – At least 20 die after crane collapses at India highway construction site
Photo – AFP