
APM ၊ ဂျူလိုင် ၂ / ၂၀၂၃
စပိန်ကွင်းလယ် ကဇတ်သမားဟောင်း ဖာဘရီဂတ်စ်သည် ပရော်ဖက်သျှင်နယ် ဘောလုံး ကဇတ်သမားဘဝက တရားဝင် အနားယူကြောင်း ဂျူလိုင် ၁ ရက်နိက အတည်ပြု ကြေညာသည်။
“ ဒေအချိန်က ကျနော့်အတွက် အနားယူရဖို့ အချိန်ကျပါဗျာယ်။ ကျနော့်အနီနန့်လေ့ ကဇတ်သမားဘဝကို စွန့်လွတ် လိုက်ရလို့ စိတ်မကောင်းဖြစ်မိပါရေ။ ကဇတ်သမားဘဝမှာ နှစ်ပေါင်း ၂၀ ကြာအထိ ကဇတ်ပနာ ဆုဖလား အားလုံး နီပါးလိုလို ဆွတ်ခူးယူနိုင်ခစွာက မမိနိုင်ရေ အမှတ်တရချေတခုပါ” ဟု ဖာဘရီဂတ်စ်က ဆိုသည်။
ယင်းအပြင် ဖာဘရီဂတ်စ်က “ ကျနော့်က ဘောလုံးလောကကနီ အနားယူလိုက်တေဆိုကေလေ့ အီတလီဒုတိယ တန်း စီးရီးဘီနှင့် Primavera (လူငယ်) အသင်းတိကို နည်းပြလုပ်ရဖို့ဖြစ်တေအတွက် ဝမ်းနည်းစရာ တော့မဟိပါ” ဟုလေ့ ထပ်လောင်းပြောကြားခသည်။
အသက် ၃၆ နှစ်အရွယ် ဖာဘရီဂတ်စ်သည် ကဇတ်သမား ဘဝတလျောက်တွင် ကမ္ဘာ့ဖလား (၁) ကြိမ်၊ ယူရိုဖလား (၂) ကြိမ်၊ ပရီးမီးယားလိဂ်ဖလား(၂) ကြိမ်၊ ဥရောပစူပါဖလား (၁) ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား (၁) ကြိမ်၊ လာလီဂါဖလား (၁) ကြိမ်၊ အက်ဖ်အေဖလား (၁) ကြိမ်၊ လိဂ်ဖလား (၁) ကြိမ်၊ ကိုပါဒယ်ရေးဖလား (၁) ကြိမ်၊ ကွန်မြူနတီဒိုင်း (၁) ကြိမ်နန့် စပိန်စူပါဖလား (၂) ကြိမ်အထိ ဆွတ်ခူးနိုင်ခသည်။
Source – Former Spain midfielder Fabregas retires to take up coaching
Photo – BCS Sport
