APM၊ ဂျူလိုင် ၂ / ၂၀၂၃
စစ်တွေမြို့တွင် ဂျူလိုင် ၁ရက်နိကဖြစ်ပွားခသည့် စောမြ ရာဇာလင်းဦးဆောင်သည့် ALPမှ ဒု-ဥက္ကဋ္ဌ ခိုင်နီရောင်ပါ ၃ ယောက် ပစ်သတ်ခံရမှုမှာ ALP ပါတီတွင်းအကွဲအပြဲကြောင့်ရာဖြစ်ပြီး ULA/AA နန့် လုံးဝ(လုံးဝ) မပတ်သက်ဟုULA/AA ပြန်ကြားရီးတာဝန်ခံဦးခိုင်သုခက အခိုင်အမာပြောသည်။
ဂျူလိုင် ၁ ရက်နိ နိခင်း ၁၂ နာရီကျော်လောက်က စစ်တွေ တက္ကသိုလ်အနား မင်းဂံလမ်းဆုံတွင် ပစ်ခတ်မှုတခုဖြစ် ပွားခပြီး ယင်းပစ်ခတ်မှုအတွင်း ALP မှ ပါတီဒုဥက္ကဋ္ဌ ဆိုသူ ခိုင်နီရောင်၊ တပ်ရင်းမှူး ဆိုသူ ခိုင်ကျော်မင်း နန့် ယာဥ်မောင်း ကျော်ကျော် နိုင် သီဆုံးခကာ ၃ ယောက်ဒဏ်ရာရလားခသည်။
ယင်းပစ်ခတ်မှုမှာ ULA/AA၏ ရည်ရွယ်ချက်ဟိဟိလုပ် ဆောင်ခြင်းဟု ALPက ဒေနိ(ဂျုန် ၂ ရက်နိ)တွင် ကြေညာချက် ထုတ်ပြန်စွပ်စွဲလာသဖြင့် ULA/AA ပြန်ကြားရီးတာ ဝန်ခံ ဦးခိုင်သုခက ယင်းသို့ တုံ့ပြန်ပြောပြောဆိုလိုက်ခြင်းဖြစ်သည်။
“ဒေချင့်ကတော့ လုံးဝအခြီအမြစ်မဟိရေစွပ်စွဲချက်ရာဖြစ်ပါရေ။ ဒေကိစ္စက ကျနော်ရို့ ULA/AA နန့် ပတ်သက်မှု လုံးဝ(လုံးဝ) မဟိပါ” ဟု ဦးခိုင်သုခက ပြောပါသည်။
ယင်းအပြင် ဦးခိုင်သုခက “သူရို့ALP ပါတီတွင်းက အကွဲအပြဲတိ၊ တဖက်နန့်တဖက် မကြေနပ်မှုတိကြောင့် ဒေပိုင်ကိစ္စတိ ဖြစ်လာစွာလို့သုံးသပ်ပါရေ။နောက်တခုကတော့ခါ ALP အဖွဲ့ဝင်တိစွာစစ်တွေမြို့ထဲမှာ ပြည်သူတိကိုမတရားဖမ်းဆီးနှိပ် စက်အနိုင်ကျင့်မှုတိ၊ ပြန်ပီးဆွဲငွေညှစ်မှု စရေရာဇဝတ်မှုတိကိုတောက်လျှောက်ကျူးလွန်နီရေအတွက် စစ်တွေဒေသခံတိ ကြားမှာလဲ မကြေနပ်မှုတိအများကြီးဟိနီကတ်ပါရေ။ ယင်းချင့်တိကြောင့်လဲ တယောက်ယောက်က လက်တုံ့ပြန်စွာမျိုးလဲ ဖြစ်နိုင်ရေ လို့သုံးသပ်ပါရေ” ဟု ပြောပါသည်။
ALP သည် ပါတီတွင်း စည်းလုံးမှု ပြိုကွဲကာ စောမြရာဇာလင်း ဦးဆောင်သော ALP နန့် ခိုင်ရဲခိုင် ဦးဆောင်သော ALP ဟု၍ နှစ်ဖွဲ့ကွဲလျက်ဟိသည်။
ကုန်ခသည့် ဂျန်နဝါရီ ၄ ရက်နိကလေ့ စောမြရာဇာလင်းဦး ဆောင်သည့် ALP အဖွဲ့မှ စစ်ဦးစီးချုပ်နန့်အဖွဲ့ ပစ်သတ်ခံခရပြီး ULA/AA ပစ်သတ်ခသည်ဟု ALP က စွပ်စွဲပြောဆိုခပါသိမ့်သည်။