
APM ၊ ဂျုန် ၂/ ၂၀၂၄
အမ်းမြို့နယ်မာ မေ ၃၁ ရက်နိ၊ ညဇာက ကျောင်းဆရာတယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်ဖမ်းဆီးလားရေလို့ သိရပါရေ။
ဖမ်းဆီးခံရလူစွာ အမ်းမြို့နယ်၊ကျောက်မြောင်းရွာက ဦးမောင်ဝင်းဌေး(၃၅ နှစ်) ဖြစ်ပါရေ။
ဦးမောင်ဝင်းဌေးစွာ အမ်းမြို့နယ်၊ကျောက်မြောင်းအုပ်စု၊ လင်ပန်းကျရွာမာ တာဝန်ကျနီရေ အလယ်တန်းပြကျောင်းဆရာတယောက်ဖြစ်ပြီးကေ မေ ၃၀ ရက်နိမိုးထမာ မြို့နယ်ပညာရီးမှူးရုံးက အစည်းအဝေးခေါ်လို့ တခြား ဆရာ/ဆရာမတိနန့်တတူ အမ်းမြို့သို့ လားရောက်ခပါရေ။
ယင်းနောက် မေ ၃၁ ရက်နိ၊ ညဇာ ၃ နာရီလောက်မာ အစည်းအဝေးပြီးလို့ ပြန်လာရာ လုံးရွာသို့ အရောက်မာ အမ်းဖက်ကလာရေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်စွာ ဦးမောင်ဝင်းဌေးကို လမ်းကပြန်လို့ ဖမ်းဆီးခေါ်ဆောင်လားရေလို့ သိရပါရေ။

Please follow and like us: