
APM ၊ ဂျုန် ၂ / ၂၀၂၄
စစ်တွေမြို့၊ ဗျိုင်းဖြူရွာဖြစ်စဉ်မာ အပြစ်မဲ့ အရပ်သားပြည်သူရို့ကို စစ်ရာဇဝတ်မှုကျူးလွန်ဖို့ ညွှန်ကြား အမိန့်ပီးစီခိုင်းလူတိနန့် ညွှန်ကြားချက်ကို တသွေမတိမ်းလိုက်နာပနာ အကောင်အထည်ဖော် ဆောင်ရွက်ကတ်တေ စစ်ကောင်စီ၏ တပ်မ၊ တပ်ရင်းတိ၊ ပါဝင်ပတ်သက်ခရေလူတိအားလုံးကို ပြင်းထန်စွာ လက်စားချီတုံ့ပြန်လားဖို့လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ဒေနိ(ဂျုန် ၂ ရက်နိ) သတိပီးထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “အာရက္ခဒေသအတွင်း ဖက်ဆစ် စစ်ကောင်စီ နန့် အာရက္ခတပ်တော်ရို့သည်ဒေနိအချိန်အထိ တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားလျက်ဟိနီဆဲဖြစ်သည်။ အာရက္ခဒေသအတွင်းမှ မြို့ကြီးများကို တမြို့ပြီး တမြို့ သိမ်းယူပြီး ၎င်းမြို့များ၌ စစ်ကောင်စီကင်းစင်အောင် တိုက်ခိုက်လျက်ဟိသော အာရက္ခတပ်တော်သည် ဘူးသီးတောင်မြို့ဟိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တခုမကျန်သိမ်းပိုက်ပြီးနောက်တွင် လက်ကျန်မြို့များ ဖြစ်သော အမ်း၊ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွ နန့် မာန်အောင်မြို့များမှ စစ်ကောင်စီ၏ လက်ကျန် စခန်းများကို တခုမကျန် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လားရန် စီစဉ်ဆောင်ရွက်လျက်ဟိသည် လို့ ဖော်ပြထားပါရေ။
စစ်ယှုံးဖက်ဆစ်စစ်ကောင်စီစွာ ၎င်းရို့၏ လက်ကျန်စခန်းတိ မဆုံးယှုံးစီရီးအတွက် ခုခံစစ်တိပြင်ဆင်နီရေပိုင် တန်ပြန်ထိုးစစ်တိအတွက်လည်း ကြိုးစားဆောင်ရွက်နီစွာကို ထင်းရှားစွာတွိမြင်နီရကြောင်း၊ တပြိုင်နက်တည်းမာ စစ်ပွဲနန့် မသက်ဆိုင်ရေ ဆီးရုံ၊ ရပ်ရွာ၊ မြို့တိနန့် ပြည်သူလူထု အစဟိရေ အရပ်သားပစ်မှတ်တိကို အဓိက ဦးတည်တိုက်ခိုက်ခြင်း၊ မီးတိုက်ဖျက်ဆီးခြင်းရို့အပြင် အပြစ်မဲ့အရပ်သား ပြည်သူလူထုရို့ကို ရည်ရွယ်ချက်ဟိဟိ ဦးတည်တိုက်ခိုက်ခြင်းရို့ကို အဓိကထား တောက်လျှောက်ပြုလုပ်လို့ဟိကြောင်း ထုတ်ပြန်ချက်က ဆိုပါရေ။
“၂၀၂၄ ခုနှစ်၊ မေလ (၂၉) ရက်နိတွင် စစ်ကောင်စီ၏ စစ်တွေအခြီစိုက် ဒကစမှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြီစိုက် တပ်မ (၁၀၁) မှ တပ်ဖွဲ့ဝင်များ၊ အခြားသော တပ်ရင်းတချို့မှ ထုတ်နုတ်အင်အားများ၊ ရခိုင်ပြည်လွတ်မြောက်ရီးပါတီ (ALP) တပ်ဖွဲ့ဝင်တချို့နန့် စစ်ကောင်စီ၏ အကြမ်းဖက်သင်တန်းဆင်း မူဆလင် တပ်ဖွဲ့ဝင်များ အစဟိသော အင်အား (၁၇၀) ကျော်ပါဝင်သော စစ်ကြောင်းတကြောင်းသည် အာရက္ခပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာအား ဝိုင်းရံပိတ်ဆို့ဖြစ်တောက်ပြီး ၎င်းရွာအတွင်းဟိ အချေ၊ လူကြီး၊ လူငယ်၊ လူရွယ်၊ အမျိုးသား၊ အမျိုးသမီး တယောက်မကျန် တရွာလုံးဟိ ရွာသူ၊ ရွာသားများအားလုံးကို ဖမ်းဆီးခသည်။ ယင်းနောက်လက်ပြန်ကြိုးတုပ် ချည်နှောင်ကာ နီပူလှန်းထားခြင်း၊ အစာရီစာမပီးဘဲထားခြင်း၊ နှိပ်စက် ညှဉ်းပန်းခြင်း၊ လက်နက်အားကိုးဖြင့် သတ်ဖြတ်ခြင်းရို့ကို တခုပြီးတခု ရက်စက်စွာ ပြုလုပ်ခသည် လိုလည်း ထုတ်ပြန်ချက်မာ ဖော်ပြပါဟိပါရေ။
ယင်းအပြင် ဖမ်းဆီးထားရေလူတိထဲက အပြစ်မဲ့ အရပ်သား ပြည်သူ (၅၀) ကျော်ရို့ကို သတ်ဖြတ်စွာ၊ အလောင်းဖျောက်ဖျက်စွာ၊ အမျိုးသမီးတချို့ကို မုဒိမ်းကျင့်စွာ၊ ထောင်ချီရေ ပြည်သူရို့ကို ဓားစာခံတိအဖြစ်ဆက်လက် ဖမ်းဆီးထားစွာ၊ တန်ဖိုးဟိရေ ရွှီ၊ ငွေ၊ ဖုန်း၊ ဆိုင်ကယ်တိကို အတင်း အဓမ္မလုယူစွာ၊ လူနီအိမ်တချို့ကို မီးတိုက်ဖျက်ဆီးစွာအပါအဝင် ဖက်ဆစ်ဆန်ပြီးကေ ရက်စက်ယုတ်မာရေ အပြုအမူမျိုးတိကို တခုပြီးတခု ပြုလုပ်ခပနာ စစ်ရာဇဝတ်မှုအကြီးစားတခုကို ထပ်လို့ကျူးလွန်ခကြောင်း၊ ဒေဂုအဖြစ်အပျက်လည်း အာရက္ခပြည်သူလူထုတရပ်လုံးအတွက် သမိုင်းမာ ဇာခါလေ့သင့် မိပျောက်လို့ ရနိုင်ဖို့မဟုတ်တေ ဖက်ဆစ် စစ်ကောင်စီ၏ ရက်စက်ယုတ်မာရေလုပ်ရပ်တခုအဖြစ် ကျန်နီဖို့စွာ အသီအချာပင်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ဆိုပါရေ။
အာရက္ခဒေသ တကျော့ပြန်တိုက်ပွဲတိအစကလည်း ဖက်ဆစ်စစ်ကောင်စီစွာ ပေါက်တောမြို့အတွင်းမာ အလားတူ စစ်ရာဇဝတ်မှုမျိုးကို ပြုလုပ်ခရေအတွက် အာရက္ခတပ်တော်က အဆိုပါကျူးလွန်ခရေ စစ်ကောင်စီ
တပ်ရင်း၊ တပ်ဖွဲ့ဝင်တိကို ပြင်းထန်စွာ တုံ့ပြန်လက်စားချီထားခပြီးဖြစ်ကြောင်း၊ စစ်ကောင်စီအနီနန့် ယင်းသို့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းမျိုးကို ပြင်းထန်စွာရှုံ့ချပြီး ၎င်းလုပ်ရပ်တိကို ချက်ချင်း ရပ်တန့်ကရပ်ဖို့နန့် နောက်ထပ်အလားတူအဖြစ်မျိုး မဖြစ်ပေါ်စီဖို့ ပြင်းထန်စွာ သတိပီးလိုက်ကြောင်း၊ အဂုလည်း ဗျိုင်းဖြူရွာဖြစ်စဉ်မာ အပြစ်မဲ့ အရပ်သားပြည်သူရို့ကို စစ်ရာဇဝတ်မှုကျူးလွန်ဖို့ ညွှန်ကြား အမိန့်ပီးစီခိုင်းလူတိနန့် ညွှန်ကြားချက်ကို လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ကတ်တေ စစ်ကောင်စီ၏ တပ်မ၊ တပ်ရင်းတိနန့် ပါဝင်ပတ်သက်ခရေလူတိ အားလုံးကို ပြင်းထန်စွာလက်စားချီတုံ့ပြန်လားဖို့ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ဒေနိထုတ်ပြန်ချက်မာ အလေးအနက် သတိပီးဖော်ပြထားပါရေ။





