
APM ၊ ဂျုန် ၂ / ၂၀၂၄
ဂျုန် ၁ ရက်နိ၊မိုးထပိုင်းမာ ပေါက်တောမြို့နယ်၊ ဆင်တက်မော်ရွာကို စစ်ကောင်စီက Y12 စစ်ထောက်ပို့လီယာဉ်နန့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅ ယောက် ထိခိုက်ဒဏ်ရာရလားရေလို့ သိရပါရေ။
ဒဏ်ရာရလားရေလူတိစွာ ပေါက်တောမြို့နယ်၊ဆင်တက်မော်(ရက္ခိုင်)ရွာက ဒေါ်မသိန်းယဉ်(၅၀ နှစ်)၊ ယင်းရွာမာ စစ်ဖီးယှောင်နီရေ ဦးထွန်းမောင်(၅၀ နှစ်)၊ ဒေါ်ဦးသန်းနွယ်(၄၀ နှစ်)နန့် တခြား လူငယ်ပိုင်း အမျိုးသားတယောက်နန့် အမျိုးသမီးတယောက်ရို့ ဖြစ်ကတ်တေလို့ သိရပါရေ။
ဂျုန် ၁ ရက်နိ၊ မိုးထ ၉ နာရီ ခွဲလောက်မာ စစ်ကောင်စီ၏ Y12 စစ်ထောက်ပို့လီယာဉ်တစီးကနီ ဆင်တက်မော်ရွာကို ဗုံးသီး ၅ လုံးကြဲချခရေလို့ ရွာသားတိက ပြောပါရေ။
ယင်းဗုံးသီးတိစွာ ဆင်တက်မော်ရွာထဲမာ ကျရောက်ခပြီးကေ ၄ လုံးပေါက်ကွဲခပနာ ကျန်တလုံးကတော့ မပေါက်ကွဲဘဲကျန်နီခရေလို့ ဆိုပါရေ။
ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ယင်းအနားပတ်ဝန်းကျင်မာဟိရေ ဒေါ် မသိန်းယဉ်၊ ဦးထွန်းမောင်၊ ဒေါ်ဦးသန်းနွယ်နန့် တခြား နှစ်ယောက် ထိခိုက်ဒဏ်ရာရလားပြီးကေ ယင်းအထဲက ဒေါ်ဦးသန်းနွယ်စွာ ဒဏ်ရာပြင်းထန်ရေလို့ သိရပါရေ။
တဆက်တည်းမာပင် ဆင်တက်မော်ရွာကို ပစ်ခတ်ပြီးနောက်ပိုင်း ယင်း စစ်ကောင်စီ Y12 စစ်ထောက်ပို့လီယာဉ်စွာ ပေါက်တောမြို့နယ်၊တောင်ဖူးရွာကိုလည်း နှစ်ကြိမ်တိုင်တိုင်လာရောက်ဗုံးကြဲခပါရေ။
ယင်းနိ မိုးထ ၉ နာရီလောက်ကလည်း စစ်ကောင်စီ၏ Y12 စစ်ထောက်ပို့လီယာဉ်စွာ သံခုံရွာ၊ ကြိမ်ခွေမော်ရွာနန့် တောင်ဦးမော်တောင်စွန်းရို့ကို ဗုံးကြဲတိုက်ခိုက်ခလို့ ဒေသခံ ၂ ယောက် ထိခိုက်ဒဏ်ရာ ရလားခရပါသိမ့်ရေ။
