APM ၊ ဂျုန် ၂ / ၂၀၂၃
မုန်တိုင်းကြောင့် ဆည်နန့် တာတမံ အများအပြား ကျိုးပေါက်ခရပြီးနောက် မုန်တိုင်းဒဏ်သင့် ရက္ခိုင်ပြည်မြို့နယ်အများစုမှ တောင်သူ လယ်သမားအများအပြားမှာ လယ်ယာလုပ်ကိုင်ရန် အခက်ကြုံနီရကြောင်းသိရသည်။
မေ ၁၄ ရက်နေ့က တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ မြောက်ဦး၊ ရသေ့တောင်၊ မောင်တော အပါအဝင် မုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းတလျောက်ဟိမြို့နယ်အများစု၌ ဆည်နန့် တာတမံ အများအပြား ကျိုးပေါက်ပျက်စီးခရသည်။
ယင်း ကျိုးပေါက်လားသည့် ဆည်နန့်တာတမံများထဲမှ ပြုပျင်၍ရသည်များကို ဒေသခံများ စုပေါင်းဝိုင်းဝန်းပြု ပျင်ထား ကတ်ကေလေ့ ပျက်စီးမှုများပြားခရသည့် ဆည် နန့် တာတမံအများအပြားကိုတော့ လက်ဟိအချိန်ထိ ပြန်မပျင်နိုင်သိမ့် ကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။
စကေတပွေပျက်စီးလားရေ ဆည်နန့် တာတမံတိကိုတော့ကျနော်ရို့ ဒေသခံတိကကိုယ်ရို့အစီစဉ်နန့် နိမအားညည့်မအား ဆည်နီကတ်ရပါရေ။ ယေကေလေ့ အပျက်အစီးများခရေ ဆည်နန့်တာတမံတိကိုတော့ လက်ဟိ အချိန်ထိ ပြန်မဆည်နိုင် ပါသိမ့်၊ တချို့လယ် သမားတိဆိုကေ အဂုမိုးတွင်းစပါးစိုက်ပျိုးဖို့ ကကောင်း အခက်ကြုံနီကတ်ရပါရေ ဟု မြေပုံမြို့နယ် ငမန်းရဲကျွန်းဒေသခံလယ်သမားတယောက် ဆိုသည်။
လက်ဟိမှာလေ့ မုန်တိုင်းကြောင့် ပင်လယ်ရီဝင်ရောက်လားကာ လယ်ဧကအများအပြားပျက်စီးခရပြီး ယင်းကျိုးပျက်နီ သည့် ဆည်နန့် တာတ မံများကိုရာ အချိန်မီ မပြုပျင်နိုင်ပါက လယ်ဧက သောင်းချီ ထပ်မံပျက်စီးဆုံးယှုံး လားနိုင်သည်ဟု ဆိုသည်။
ရက္ခိုင်ပြည်သူအများစုမှာ လယ်ယာစိုက်ပျိုးရီးလုပ်ငန်းနန့် အဓိက အသက်မွီးဝမ်းကျောင်းပြုလုပ် ကိုင်စားသောက်နီကတ် သူများ၍ ယင်းသို့ လယ်ဧက အများအပြား ထပ်မံပျက်စီးဆုံးယှုံးရပါက လာမည့်နှစ်တွင် ပြည်တွင်း ဆန်ရိက္ခာကျပ်တည်းမှု များနန့် ကြုံတွိလာရနိုင်ကြောင်း တောင်သူလယ် သမားအရေးဆောင်ရွက်နီသူများက သုံးသပ်ပြောဆိုထားသည်။
Photo – ABN