APM၊ ဂျုန် ၂/၂၀၂၂
ရက္ခိုင့်တပ်တော်(AA) ဆက်စပ်သံသယနန့် မတရားဖမ်းဆီးတရားစွဲခံထားရပြီး အပြီးသတ်အမိန့်ချရန်ကျန်နီသော ပုဏ္ဏားကျွန်းမြို့ နယ်၊ အိုင်ဒင်ရွာသားနှစ်ယောက် အမှုကို ဒေနိ(ဂျုန် ၂ ရက်နိ) ရုံးချိန်းတွင်လေ့ အမိန့်မချဘဲ ရုံးချိန်း ထပ်ရွှိလိုက်ကြောင်း သိရသည်။
မတရားဖမ်းဆီးတရားစွဲခံထားရသူ အိုင်ဒင်ရွာသား ၂ ယောက်မှာ ကိုနေလင်းဌေး (၂၇ နှစ်) နန့် ဦးမောင်စောအေး (၃၃ နှစ်) ရို့ဖြစ်ကတ်ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလကပင် အပြီးသတ်အမိန့်ချဖို့ ရုံးအကြိမ်ကြိမ်ချိန်းကာ အကြောင်း အမျိုးမျိုး ပြလျက် စီရင်ချက်မချဘဲ ထပ်ခါတလဲလဲ ရုံးချိန်းရွှိဆိုင်းနီခသည်။
ဒေနိ(ဂျုန် ၂ ရက်နိ) တွင်လေ့ သူရို့နှစ်ယောက်အား အပြီးသတ်အမိန့်ချရန် ရုံးချိန်းထားပြီးမှ စစ်တွေခရိုင်တရား သူကြီးက “အမှုကိုပြန်လေ့လာနီသည်”ဟု ဆိုကာ ဂျုန် ၁၆ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ပြန်သည်။
အိုင်ဒင်ရွာသား ကိုနေလင်းဌေးနန့် ဦးမောင်စောအေးရို့သည် ၂၀၂၀ ပြည့်နှစ် မာ့ချ် ၆ ရက်နိက စစ်တွေမှ မိမိရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆီးရီးဂိတ်မှာ ဖမ်းဆီးခံခရခြင်းဖြစ်သည်။
ယင်းနောက် သူရို့နှစ်ယောက်ကို AA နန့် ဆက်စပ်သည်ဟု မတရားစွပ်စွဲကာ စစ်တွေအခြီစိုက် အမှတ်(၉၀၈) စစ်မြီပြင်အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီး အောင်ဖြိုးမြင့် တရားလိုလုပ်၍ အကြမ်းဖက်တိုက်ဖျက်ရီးဥပဒေ ပုဒ်မ-၅၀(ည)၊ ၅၂(က)ရို့နန့် တရားစွဲဆိုထားခြင်း ဖြစ်သည်။ လက်ဟိမှာ သူရို့နှစ်ယောက်ကို စစ်တွေအကျဉ်းထောင်၌ ထိန်းသိမ်းထားပြီး အကြမ်းဖက်မှုပုဒ်မများနန့် တရား ရင်ဆိုင်နီရသည်မှာ ၂ နှစ်ကျော်ကြာမြင့်လာသည့်အတွက်မိသားစုဝင်များက အပြီးသတ်အမိန့်ချပီးရန် တောင်း ဆိုနီကတ်သည်။
