APM၊ ဂျုန် ၂/၂၀၂၂
ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များဟု စွပ်စွဲလျက် မတရားဖမ်းဆီး တရားစွဲခံထားရသည့် တောင်ကုတ်ဒေသခံ ၆ ယောက်အမှုကို ဒေနိ(ဂျုန်၂ရက်နိ)ရုံးချိန်းမှာလေ့ အမှုမစစ်ဘဲ တသိတမင် ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
သံတွဲထောင်၌ ၂ နှစ်ကြာလာသည်အထိ ဥပဒေနန့်မညီ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် တောင်ကုတ်မြို့ နယ်သား ၆ ယောက်မှာ ဆားပြင်ရွာမှ ကိုသန်းနိုင်၊ ချက်ပေါက်ရွာမှ ကိုကျော်တင်အောင်၊ ကိုနေရဲဝင်း၊ ကိုထွေးမောင်၊ မအီမြို့မှ ကိုသန်းဇော်ဌေး နန့် ကိုသန်းဇော်ဇော် ရို့ဖြစ်ကတ်သည်။
ယင်းတောင်ကုတ်ဒေသခံ ၆ ယောက် အမှု ဒေနိ(ဂျုန် ၂ရက်နိ)တွင် လိုပြသက်သီများကို ဆက်စစ်မည်ဟု သံတွဲခရိုင်တရားရုံးက ရုံးချိန်းထားခကေလေ့ လိုပြသက်သီများ လာရောက်ခြင်းမဟိ၍ စစ်ဆီးနိုင်ခြင်းမဟိခဘဲ ဂျုန် ၁၆ ရက်နိသို ရုံးချိန်းထပ်ရွှိလိုက်ပြန်ကြောင်း မိသားစုဝင်များက ဆိုသည်။
ဆားပြင်ရွာမှ ကိုသန်းနိုင်၏ ညီမ ဖြစ်သူ မသန်းသန်းဆင့် က “ဒေနိလေ့ လိုပြသက်သီတိ မရောက်လို့ အမှုကို မစစ်ဘဲ၊ ဒေလ ၁၆ ရက်နိကို ထပ်ချိန်းလိုက်ပြန်ပါရေ” ဟု APM ကို ပြောသည်။
ဖမ်းဆီးခံရသည့် ၂ နှစ်ကာလအတွင်း လိုပြသက်သီများကို ရုံးထုတ်စစ်ဆီးရန် အကြိမ်ကြိမ်ရုံးချိန်းခကေလေ့ အကြောင်းအမျိုးမျိုးပြ ရောက်မလာသဖြင့် မစစ်ဆီးနိုင်ခသည့်အတွက် မိသားစုဝင်များအနီနန့် အကုန်အကျ စရိတ်ကြီးမားပြီး အခက်အခဲများစွာနန့် ရင်ဆိုင်နီရ၍ “အပြစ်ဟိက စီရင်ချက်ချ၊ အပြစ်မဟိက ပြန်လွှတ်ပီး” စီချင် ကြောင်း မိသားစုဝင်များက ဆိုကတ်သည်။
ယင်းတောင်ကုတ်ဒေသခံ ၆ ယောက်ကို ၂၀၂၀ ပြည့်နှစ် ဂျုန်လကပင် AA နန့်ဆက်စပ်သည်ဟုဆိုကာ မတရား ဖမ်းဆီးခပြီးနောက် “အကြမ်းဖက်မှု တိုက်ဖျက်ရီးဥပဒေ” ပုဒ်မ ၅၀ (ဈ)၊ ၅၀(ည)ရို့နန့် အနောက်တောင်တိုင်း စစ်ဌာနချုပ် ခလရ(၂၇)မှ အရာဟိတယောက်နန့်ခလရ(၅၁)မှ အရာဟိတယောက်က မတရားသဖြင့် လုပ်ကြံ တရားစွဲဆိုထားခကြောင်း သိရသည်။