
APM ၊ မေ ၂ / ၂၀၂၅
ပလောင်ပြည်နယ်လွတ်မြောက်ရီးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရီးတပ်မတော် (PSLF/ TNLA) သိမ်းပိုက်ထိန်းချုပ်ထားရေ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်ရို့ကနီ ဆုတ်ခွာပီးဖို့ ဖက်ဆစ် စစ်ကောင်စီတောင်းဆိုမှုကို PSLF က ပယ်ချလိုက်ပြီးနောက် နှစ်ဖက်တွိဆုံဆွေးနွေးမှု ထပ်ဆင့်မတိုးနိုင်သိမ့်ဘဲ ပြီးဆုံးလားကြောင်း PSLF/TNLA က ဒေနိ (မေ ၂ ရက်) မာ ထုတ်ပြန်ပါရေ။
“နစက မြန်မာစစ်ကောင်စီကိုယ်စားလှယ်တိက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်စသော ဒေသများမှ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် နမ့်ဆန်နန့် မန်တုံမြို့နယ်အတွင်းထိသို့ တအာင်းတပ်မတော် တပ်ဖွဲ့များအားလုံးကို ပြန်လည်ဆုတ်ခွာရန် တောင်းဆိုချက်ကို PSLF ကိုယ်စားလှယ်များက သဘောမတူနိုင်သဖြင့် နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှု ထပ်ဆင့်မတိုးနိုင်ဘဲ နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် လာမည့် ဩဂတ်စ်လတွင် ထပ်မံတွိဆုံရန် သဘောတူခကတ်သည်”လို့ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
ပလောင်ပြည်နယ်လွတ်မြောက်ရီးတပ်ဦး (PSLF) ၏ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်ရေ ကိုယ်စားလှယ်နန့် စစ်ကောင်စီ၏ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်ရေ ကိုယ်စားလှယ်တိရေ တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုနန့် ဧပြီ ၂၈ ရက်နိနန့် ၂၉ ရက်နိရို့မာ အပစ်အခတ်ရပ်စဲနိုင်ဖို့ တရုတ်ပြည်၊ ကူမင်းမြို့မာ တွိဆုံဆွေးနွေးခကတ်စွာဖြစ်ပါရေ။
အဆိုပါတွိဆုံဆွေးနွေးပွဲအတွင်း ဖက်ဆစ် စစ်ကောင်စီဖက်က လီကြောင်းကနီ ဗုံးကြဲခြင်း၊လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနန့် တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းစရေ ပစ်ခတ်တိုက်ခိုက်မှုတိ အားလုံးရပ်တန့်ဖို့၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရီးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့၊ ဒေသတည်ငြိမ်အီးချမ်းဖို့နန့် ကိုးကန့်တပ်ဖွဲ့ (MNDAA)ပိုင် တဆင့်တိုးအပစ်ခတ်ရပ်စဲရီးလုပ်နိုင်ဖို့အတွက် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက ကမကထပြုပနာ နှစ်ဖက်တွိဆုံမှုတိ အယင်ဆုံး တိုးတက်လာစီဖို့ ဆောင်ရွက်ခရေလို့ ထုတ်ပြန်ချက်အရ သိဟိရပါရေ။
Photo – PSLF / TNLA
