
APM၊ မေ ၂ / ၂၀၂၄
အကြမ်းဖက် စစ်ကောင်စီစွာ အာရက္ခတပ်တော်လာကေ ခံတိုက်ဖို့အတွက် မာန်အောင်မြို့နယ်၊ င/ပုကုန်းရွာက ရွာသား ၁၀၀ခန့်ကို ပြည်သူ့စစ်သင်တန်း အတင်းအဓမ္မ တက်ခိုင်းနီကြောင်း သိရပါရေ။
အကြမ်းဖက် စစ်ကောင်စီတပ်စွာမာန်အောင်မြို့နယ်၊င/ပုကုန်းရွာက”လူ ၁၀၀ခန့်ကို ပြည်သူ့စစ်သင်တန်းတက်ဖို့ စာရင်းပီးခိုင်းနီပြီး၊ စာရင်းမပီးပါကသစ်ပုံရွာပိုင်ဖြစ်လားဖို့လို့” ခြိမ်းခြောက်ပြောဆိုကြောင်း ဒေသခံတိက ဆိုပါရေ။
မာန်အောင်မြို့နယ်၊ သစ်ပုံရွာမာ စစ်ကောင်စီ၏ စစ်မှုထမ်းခေါ်ယူမှု၊ ပြည်သူ့စစ်ခေါ်ယူမှုတိကို ဆန့်ကျင်ရေအတွက် ပြီးခရေ ဧပြီ ၂၅ရက်နိမာ သစ်ပုံရွာ အနောက်ပါးရပ်ကွက်နန့် ငှက်ပျောတော ရပ်ကွက်ဟိ အိမ်ခြေ ၂၀၀ ကျော်ကို အတင်းအဓမ္မရွှိပြောင်းခိုင်းခပါရေ။
ရက္ခိုင်ပြည်တဝန်းဟိ တပ်ရင်း၊ တပ်မဌာနချုပ်တိ၊ တပ်စခန်းတိ အမြောက်အမြားနန့်မြို့တိ တခုပြီးတခု လက်လွှတ်ဆုံးယှုံးနီရရေ စစ်ယှုံးစစ်ကောင်စီစွာ အာရက္ခတပ်တော်ကို ရင်ဆိုင်နိုင်စွမ်းမဟိခါ မရောင်ရာဆီလိမ်းဆိုပိုင် ရက္ခိုင်ပြည် တောင်ဖက်ဒေသဟိ တောင်ကုတ်၊ မာန်အောင်၊ သံတွဲ၊ ဂွမြို့နယ်ရို့က ပြည်သူလူထုတိကို အကြောက်တရားရဟိအောင် ယုတ်မာအောက်တန်းကျရေနည်းလမ်းတိ သုံးပနာ အမျိုးမျိုး အကြမ်းဖက် ခြိမ်းခြောက်လျက် ဟိနီပါရေ။
