APM ၊ မေ ၂ / ၂၀၂၃
ရက္ခိုင့်ရှေးဟောင်းမြို့တော် မြောက်ဦးအကြောင်း ရိုက်ထားသော မှတ်တမ်းရုပ်ရှင်တခုဖြစ်သည့် My Hidden City နာမည် ရ ရုပ်ရှင်ဇာတ်ကားမှာ မေ ၁ ရက်နိက ပြင်သစ်နိုင်ငံ Nice မြို့တွင် ကျင်းပသည့် Giraffe Film Festival ၌ March, April Addition အတွက် အကောင်းဆုံးမှတ်တမ်းရုပ်ရှင် ဇာတ်လမ်းတိုဆု(Best Short Documentary)ကို ဆွတ်ခူး ရဟိလား ကြောင်း သိရသည်။
ယင်းရုပ်ရှင်ဇာတ်လမ်းကို အမေရိကန်နိုင်ငံသား ဒါရိုက်တာ Barry Pousman နန့် မြန်မာပြည်သား ဒါရိုက်တာ ဝဏ္ဏကျော်ရို့ က ၆ ရက်ကြာ ရိုက်ကူးခခြင်းဖြစ်ပြီး ကိုစောမင်းဖြူနန့် မစောနန်းဣသျှင် ရို့က အဓိက ပါဝင်သရုပ်ဆောင်ထားသည်။
ရုပ်ရှင်ဖြစ်မြောက်ရီးအတွက် ဒေါက်တာစောမြအောင်ဖောင်ဒေးသျှင်းနန့် Mr Kimball Gallagher ရို့က ဦးဆောင်ပံ့ပိုး ပီး ထားပြီး ဆုရဟိကြောင်းကိုလေ့ Mr Kimball Gallagher ကတဆင့် ဦးဆောင်ပံ့ပိုးထားသူများကို အီးမေးလ်ကနီ အသိပီး ပြောကြားလာခြင်းဖြစ်ကြောင်း သိရသည်။
My Hidden City ရုပ်ရှင်ဇာတ်လမ်း၌ ရက္ခိုင်ရို့၏ ခေတ်အဆက်ဆက် ထုံးတမ်းစဉ်လာများ၊ ဓလိစရိုက်နန့် မြောက်ဦးမြို့ဟိ ရှေးဟောင်း ဘုရားစေတီပုထိုးများကို ရိုက်ကူးဖော်ပြထားပြီး ရှေးဟောင်းမြောက်ဦးမြို့တော် ယူနက်စကို စာရင်းဝင်နိုင် စီရန်နန့် အယင်က ရက္ခိုင်ရို့၏ ခမ်းနားထည်ဝါခမှုကို ကမ္ဘာသိစီရန် ရည်ရွယ်၍ ကုန်ခသည့် ၂၀၁၈ ခုနှစ် ဂျန်နဝါရီလက ရိုက်ကူးခခြင်းဖြစ်သည်။
ယင်းမှတ်တမ်းရုပ်ရှင်သည် ကုန်ခသည့် ၂၀၂၂ ခုနှစ်ကလေ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင် ဂုဏ်ပြုရည်ညွှန်း ဆုလက်မှတ်ရခပြီး လက်ဟိတွင် ပြစ်သစ်၊ အမေရိကန်၊ အိုင်ယာလန်၊ အာဂျင်တီနား၊ ဂျပန်အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော် ၌ ဘာသာစကား (၈) မျိုးဖြင့် ဘာသာပြန်ကာ ပြသထားပြီးဖြစ်ကြောင်း သိဟိရသည်။
Photo – My Hidden City- Mrauk U HeritageFlim