
APM ၊ မေ ၂ / ၂၀၂၃
ရက္ခိုင်တွင် မိုးတိမ်တောင်များဖြစ်ပေါ်နီပြီး ယင်းမိုးတိမ်တောင်များကြောင့် မိုးရွာသွန်းခြင်းနန့်အတူလီပြင်းတိုက် ခတ်ခြင်း၊ မိုးထစ်ချုန်းရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနန့် မိုးသီးကြွီခြင်းစသည့် မိုးလီဝသဖြစ် စဉ်များ ဖြစ် ပေါ်နိုင် ကြောင်း မိုးလီဝသနန့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မေ ၂ ရက်နိ ညဇာ ၄ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ “ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနန့် ဘင်္ဂလားပင်လယ် အော် အရှိ အလယ်ပိုင်းရို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းနီပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနန့် ကျန်ဘင်္ဂလားပင်လယ်အော်ရို့တွင် တိမ်ထူထပ်နီကာ ရက္ခိုင် ပြည်နန့် နီပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ သျှမ်းပြည်၊ ကရင်နီပြည်၊ ကရင်ပြည်နန့် မွန်ပြည်ရို့၌ မိုးတိမ်တောင်များဖြစ်ပေါ်လျက်ဟိသည်”ဟုဆိုသည်။
ယင်းမိုးတိမ်တောင်များ ရွိလျားမှုကြောင့် ရက္ခိုင်ပြည်၌ မိုးရွာသွန်းခြင်းနန့်အတူ လီပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်း ရွာသွန်း ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနန့် မိုးသီးကြွီခြင်းစသည့် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ် နိုင်ကြောင်းလေ့ မိုး/ဇလ ဆိုသည်။
ယင်းအပြင် နီပြည်တော်၊ မန္တလေး တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန် တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ သျှမ်းပြည်၊ ကရင်နီပြည်၊ ကရင်ပြည်နန့် မွန်ပြည်ရို့တွင်ဖြစ်ပေါ်နီသော မိုးတိမ်တောင်များ ရွိလျားရာနီရာတလျှောက်၌လေ့ အဆိုပါ မိုးလီဝသဖြစ်စဉ်များဖြစ်နိုင်သည်ဟု မိုး/ဇလက သတိပီးထားသည်။
ရက္ခိုင်ကမ်းရိုးတန်းတလျှောက်နန့် ကမ်းလွန်ပင်လယ်ပြင်ရို့တွင် လှိုင်းအသင့်အတင့်ဟိမည်ဖြစ်ပြီး ရက္ခိုင်ပြည်၊ စစ်ကိုင်း တိုင်းအထက်ပိုင်း၊ ကချင်ပြည်နန့် သျှမ်းပြည်ရို့တွင် နက်ဖြန်(မေ ၃ ရက်နိ)မှစ၍ နီရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။
Photo – မိုး/ဇလ

