
APM ၊ မေ ၂ / ၂၀၂၃
(၃၆) ကြိမ်မြောက် မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲအခမ်းအနားကို မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့တွင် ဒေနိ မေ ၂ ရက်နိ ညဇာ ၆ နာရီကကျင်းပပြုလုပ်ခကတ်ကြောင်း သိရသည်။
အခမ်းအနားကို ကမ်းထောင်းကြီး အထက ၌ တာဝန်ထမ်းဆောင်နီသည့် ဆရာ /ဆရာမ များနန့် ကမ်းထောင်းကြီး လူငယ် များအသင်း (KHGYA) ရို့ ပူးပေါင်းကာ ကမ်းထောင်းကြီးမြို့ တောင်ပိုင်းရပ်ကွက်ဟိ အောင်မင်္ဂလာဇာတ်ရုံကွင်းတွင် ကျင်းပ ခြင်းဖြစ်သည်။
အခမ်းအနား၌ ကမ်းထောင်းကြီးမြို့ဟိ အသက် ၈၀ နန့်အထက် ၂၀၄ ယောက်ကို တယောက်ကို အလှူငွေကျပ်တသောင်းနှုန်း ဖြင့် ပူဇော်ကန်တော့ခကတ်ပြီး ပုဂ္ဂလိကအလှူသျှင်များလေ့ လှူဖွယ်ပစ္စည်းများဖြင့် ပါဝင်လှူဒါန်းကန်တော့ခကတ်သည်။
ကမ်းထောင်းကြီးမြို့၌ မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကို ၁၉၇၉ ခုနှစ်မှ စတင်ကျင်းပလာခြင်းဖြစ်ကာ အကြောင်းအမျိုးမျိုး ကြောင့် အခမ်းအနားမလုပ်နိုင်ခသည့် နှစ်တချို့ဟိခပြီး အဂု ၂၀၂၃ ခုနှစ်တွင် ကျရောက်သည့် သက်ကြီးပူဇော်ပွဲမှာ (၃၆) ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။


