APM ၊ မေ ၂ / ၂၀၂၃
မြန်မာပြည်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံ ထားရသည့် ကျောက်တော်မှ လူထုဇော်ဝင်း အပါအဝင် ဒေသခံ ၃ ယောက် အမှုကို ဒေနိ(မေ ၂ ရက်နိ)ရုံးချိန်းတွင်လေ့ မစစ်ခဘဲ ရုံးချိန်းထပ်ရွှိလိုက်ပြန်ကြောင်း သိရသည်။
ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသူများမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ လူထုဇော်ဝင်း(ခ) ဦးဇော်ဝင်း၊ ကျောက်တော်မြို့နယ် ခေါင်း တုတ်ရွာမှ ဦးကျော်သန်းမောင်နန့် ပန်းဖဲချောင်းရွာမှ ကိုဇော်မိုးထက်ရို့ ဖြစ်ကတ်သည်။
သူရို့ကို ဒေနိတွင် ကျောက်တော်မြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ အယင်ရုံးချိန်းများအတိုင်း တရားသူကြီးမရောက်ဟု အကြောင်းပြကာ မစစ်ခဘဲ လာမည့် မေ ၁၆ ရက်နိသို့ ရုံးချိန်း ထပ်ရွှိလိုက်ကြောင်း သိရသည်။
ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ ဂျုန်လ၌ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ဦးဇော်ဝင်း၊ ဦးကျော်သန်းမောင်နန့် ကိုဇော် မိုးထက် ရို့ကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီး ခပြီး၊ ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟု မတရားစွပ် စွဲကာ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
လက်ဟိတွင် သူရို့ ၃ ယောက်ကို ကျောက်တော်မြို့မရဲစခန်း၌ ထိန်းသိမ်းချုပ် နှောင်ထားပြီး အပြီးသတ်အမိန့်ချရန်ရာ ကျန်နီ ကာ ယင်းသို့ ရုံးချိန်းအကြိမ်ကြိမ်ရွှိခံနီရ၍ စွပ်စွဲခံရသူများ၌ နစ်နာနီကတ်ရကြောင်း သိဟိရသည်။