APM ၊ ဧပြီ ၂ / ၂၀၂၄
ဒေနိ ဧပြီ ၂ ရက်နိ၊ ညဇာပိုင်းမာ မြေပုံမြို့နယ်၊ကမ်းထောင်းကြီးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စီးနန့်လာရောက်ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း မြို့ခံ ၃ ယောက် သီဆုံးလားပြီးကေ ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရလားခရေလို့ သိရပါရေ။
အကြမ်းဖက်စစ်တပ်က အများပြည်တိနီထိုင်ရာ ကမ်းထောင်းကြီးမြို့ကို အောက်တန်းကျ၊ လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ဆုံးပါးလားခရရေ အပြစ်မဲ့ပြည်သူတိကတော့ ကမ်းထောင်းကြီးမြို့၊မြစ်နားတန်းရပ်ကွက်က ကိုစည်သူမျိုးအောင် ( ၂၁ နှစ်)၊ ဦးမြင့်ရွှီ ( ၄၁ နှစ်)နန့် ဦးထွန်းကြည် ( ၆ ၄ နှစ်) ရို့ဖြစ်ကတ်ပါရေ။
ယင်းအပြင် အပြစ်မဲ့အရပ်သားပြည်သူ ၃ ယောက်ထက်မနည်းလည်းဒဏ်ရာရလားရေလို့ မြို့ခံတိက ပြောပါရေ။
အကြမ်းဖက်စစ်ကောင်စီစွာ ကမ်းထောင်းကြီးမြို့၊ မြစ်နားတန်းရပ်ကွက်ကို ဂျက်ဖိုက်တာ နှစ်စီးနန့် ဒေနိ ညဇာ ၅ နာရီ ၁၆ မိနစ်မာ တကြိမ်၊ ညဇာ ၅ နာရီ ၂၇ မိနစ်မာ တကြိမ်၊ နှစ်ကြိမ်တိုင်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခစွာပါ။
အဆိုပါ တိုက်ခိုက်မှုကြောင့် ကို စည်သူဖြိုးအောင်၊ ဦးထွန်းကြည်၊ ဦးမြင့်ရွှီရို့မာ ဗုံးစထိမှန်ပနာ အသက်ဆုံးယှုံးခရပြီးကေ၊ နောက်ထပ်အပြစ်မဲ့ပြည်သူတချို့လည်း ထိ ခိုက်ဒဏ်ရာရလားရေအပြင်၊ ဦးထွန်းကြည်နန့် ဦးအောင်ဆန်းဝင်းရို့နီအိမ်တိအပါအဝင် လူနီအိမ်တချို့လည်း မီးလောင်ပျက်စီးလားခကြောင်း သိဟိရပါရေ။