APM ၊ ဧပြီ ၂/ ၂၀၂၄
ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီက စစ်အင်အားတိုးချဲ့စွာ၊ တပ်ရွှိပြောင်းစွာ၊ရိက္ခာနန့်စစ်လက်နက်ခဲယမ်းတိကိုအရပ်သားကားတိနန့်သယ်ဆောင်စွာ၊ လမ်းဘေးဝဲယာတလျှောက် စွန့်လွှတ်မိုင်းတိထောင်ထားစွာတိကိုပြုလုပ်နီရေအပြင် ကားလမ်းတလျှောက်မာလည်း တိုက်ပွဲတိ စတင်ဖြစ်ပွားလာနီရေအတွက် အမ်း-ပဒါန်းကားလမ်းကို အကန့်အသတ်မဟိ ပိတ်ထားလိုက်ကြောင်း ရက္ခိုင့်တပ်တော်(AA)၊ နိုဗာ(၁) စစ်ဒေသက ဧပြီ ၂ ရက်နိ(ဒေနိ)မာ အရေးပေါ် ထုတ်ပြန် ကြေညာပါရေ။
ထုတ်ပြန်ကြေညာချက်မာ “ဒေဂုအခါ အများပြည်သူများလားလာသည့် လမ်းများထဲမှ ရက္ခိုင်ပြည်၊ အမ်းမြို့ နန့် မကွေးတိုင်းကိုဆက်သွယ်ထားသော ကားလမ်းများတွင် စစ်ကောင်စီသည် စစ်အင်အားတိုးချဲ့ခြင်း၊ တပ်ရွှိပြောင်းခြင်း၊ရိက္ခာနန့်စစ်လက်နက်ခဲယမ်းများကိုအရပ်သားကားများဖြင့် သယ်ဆောင်ခြင်း၊ လမ်းဘေးဝဲယာတလျှောက် စွန့်လွှတ်မိုင်းများ ထောင်ထားခြင်းရို့ကို ပြုလုပ်လျက်ဟိသည့်အပြင် ဤကားလမ်းတလျှောက်တွင်လည်း တိုက်ပွဲများ စတင်ဖြစ်ပွားလာနီသောကြောင့် အမ်း-ပဒါန်း ကားလမ်း အား မိမိရို့မှ အကန့်အသတ်မဟိပိတ်ထားလိုက်ပြီးဖြစ်ပါကြောင်း လို့ ဖော်ပြထားပါရေ။
ယင်းအပြင် ရက္ခိုင်ဒေသအတွင်း ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၁၃ ရက်နိကစလို့ ဖြစ်ပွားခရေ တိုက်ပွဲတိစွာ ဒေနိအထိ ဆက်လက်ဟိနီပြီးကေ စစ်အဟုန်စွာလည်း တရက်ထက်တရက် မြင့်တက်လျက်ဟိနီပါရေ။
တပြိုင်နက်တည်းမာ ၂၀၂၄ ခုနှစ်၊ မာ့ချ် ၂၆ ရက်နိကစလို့ ရက္ခိုင်ပြည်၊ အမ်း နန့် မကွေးတိုင်းအကြားမာ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ နန့် ရက္ခိုင့်တပ်တော်ရို့ နှစ်ဖက်တိုက်ပွဲတိဖြစ်ပွားခပြီး ဒေနိထိလည်းဆက်လက်ဖြစ်ပွားလျက်ဟိနီပါရေ။
နိုင်ငံအနှံ့ တော်လှန်ရီးလက်နက်ကိုင်အဖွဲ့အစည်းတိအပေါ် စစ်ရီးအရ အယှုံးနန့်ရင်ဆိုင်နီရရေ စစ်ယှုံးစစ်ကောင်စီစွာ စစ်ရီးမာတင်မက သံတမန်ရီးရာစာမျက်နှာတိမာပါ ဆက်တိုက်ယှုံးနိမ့်နီကေလေ့ ပြည်သူလူထုရို့အပေါ် အကြမ်းဖက်တေလုပ်ရပ်၊ ပြည်သူကို ဦးတည်တိုက်ခိုက်သတ်ဖြတ်တေလုပ်ရပ်၊ စစ်ရာဇဝတ်မှုကျူး လွန်ရေလုပ်ရပ်တိကို ဆက်တိုက်ကျူးလွန်နီတုန်းပင်ဖြစ်ပါကြောင်း၊ စစ်မှုမထမ်းမနီရ ဥပဒေကို ခုတုံးလုပ်ပနာ ပြည်သူလူထုကို လူသားဒိုင်းကာအဖြစ် အသုံးပြုစွာ၊ပြည်သူလူထုအတွင်းသို့ အကြောက်တရားတိထိုးထည့်စွာတိကို ဆက်တိုက်လုပ်ဆောင်လျက်ဟိကြောင်းလည်း ရက္ခိုင့်တပ်တော်(AA)၊ နိုဗာ(၁) စစ်ဒေသ၏ အရေးပေါ်ထုတ်ပြန်ကြေညာချက်မာ ထည့်သွင်း ဖော်ပြထားပါရေ။