APM ၊ ဧပြီ ၂ / ၂၀၂၄
ပေါက်တောမြို့နယ်ကို အေနိ၊ နိခင်းပိုင်းက စစ်တွေမြို့ ရဲတပ်ရင်း (၁၂) က လက်နက်ကြီးနန့်ပစ်ခတ်လို့ အပြစ်မဲ့ပြည်သူ ၆ ယောက် ဒဏ်ရာရလားရေလို့ သိရပါရေ။
အရပ်သားပြည်သူတိကို နိစဉ်နန့်အမျှ ဒုက္ခပီးနီရေ စစ်တွေမြို့ အခြီစိုက် အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် (၁၂)ရဲတပ်ရင်းက ဒေနိ၊ နိခင်း ၁၁ နာရီဝန်းကျင်မာလည်း ပေါက်တောမြို့နယ်ကို လက်နက်ကြီး၊ အတွဲလိုက်ဒုံးတိနန့် လူမဆန်စွာ ပစ်ခတ်ခပါရေ။
ရဲတပ်ရင်း(၁၂)က အောက်တန်းကျစွာ လက်နက်ကြီးနန့်ပစ်ခတ်လို့ မော်ဒုတ်ကြီးရွာဟိ ဦးကျော်သန်းအိမ်မာ ၁ လုံး ကျရောက်ပေါက်ကွဲပြီးကေ အပြစ်မဲ့ပြည်သူ ၆ယောက်ထိခိုက်ဒဏ်ရာရလားပနာ မော်ဒုတ်ကြီးရွာ တောင်ပိုင်းမာ တလုံးပေါက်ကွဲလို့ ဦးစိုးမောင်၏အိမ် မီးလောင်ပျက်စီးလားခပါရေ။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ မော်ဒုတ်ကြီးရွာက ကိုဇော်မင်းနိုင် (၂၃နှစ်)၏ ဂေါင်း၊ ကျော်နုဖြူ (၄၇နှစ်)၏ ဘယ်ပေါင်နန့် ပါးစပ်၊ ခင်ချေဝင်း (၃၂နှစ်)၏ ဘယ်ဖက်ခြီမျက်စိအထက်နား ပိုင်းလားခပြီးကေ ဒေါ်စန္ဒာဝင်း (၃၁နှစ်)၏ နောက်ကုန်း၊ ဦးမဲခေါက် (၆၂နှစ်)၏ညာဖက်ခြီသလုံး ထိခိုက်ဒဏ်ရာရလားပနာ ဒေါ်ကင်ယုံမေ (၆၃နှစ်)၏ ညာဖက်ခြီဖဝါးနန့် ညာဖက်လက်မောင်းရို့အသီးသီး ထိခိုက်ဒဏ်ရာ ရလားခကတ်ပါရေ။
နောက်ထပ်လည်း ယင်းလက်နက်ကြီးကျည်တိစွာ ကြိမ်ခွေမော်ချောင်းဝ ရွာ၏ မြောက်ဖက်မာတလုံး၊ တပ်မော်ရွာအနောက်ဖက်မာတလုံး ကျရောက်ပေါက်ကွဲခပါသိမ့်ရေ။
ထိခိုက်ဒဏ်ရာရထားရေလူတိစွာ အရေးပေါ် ဆီးကုသမှုခံယူနီရပြီးကေ ဂေါင်းမာဒဏ်ရာရလားရေ ကိုဇော်မျိုးနိုင်ကတော့ ဒဏ်ရာပြင်းထန်ရေလို့ သိရပါရေ။