
APM ၊ ဧပြီ ၂ / ၂၀၂၃
ရုသျှနိုင်ငံက ဒေဂုဧပြီလ ကုလသမဂ္ဂလုံခြုံရီးကောင်စီဥက္ကဋ္ဌရာထူးကို ရဟိမှုသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းဖြစ်သည်ဟု ယူကရိန်းနိုင်ငံခြားရီးဝန်ကြီး ဒီမီထရို ကူလီဘာက ဧပြီ ၁ ရက်နိတွင် ပြောကြားသည်။
ကုလသမဂ္ဂလုံခြုံရီးကောင်စီ၏ ဥက္ကဋ္ဌ ရာထူးကို အဖွဲ့ဝင် ၁၅ နိုင်ငံမှ လစဉ်အလှည့်ကျဆောင်ရွက်လျက်ဟိရာ ဒေဂု ရုသျှက ဥက္ကဋ္ဌရာထူးကိုရယူခြင်းအပေါ် ယူကရိန်းက ယင်းကဲ့သို့ ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
ယူကရိန်းနိုင်ငံခြားရီးဝန်ကြီးက “ဥက္ကဋ္ဌရာထူးကို အလွဲသုံးစားလုပ်မည့် ရုသျှ၏ ကြိုးပမ်းချက်များအားလုံးကို ဆန့်ကျင် ကတ် ဖို့” လုံခြုံရီးကောင်စီအဖွဲ့ဝင်များကို တိုက်တွန်းသည်။
ရုသျှနိုင်ငံခြားရီးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်က “ရုသျှအနီနန့်နိုင်ငံစုံပါဝင်ရီးမူဝါဒအရ ဒေလနှောင်းပိုင်း ကျင်းပမည့် ကုလလုံခြုံရီးကောင်စီအစည်းအဝေး၌ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်”ဟု ဆိုထားသည်။
အမေရိကန်နိုင်ငံကလေ့ “ကုလသမဂ္ဂ ပဋိညာဉ်ကို ချိုးဖောက်ကာ အိမ်နီးချင်းနိုင်ငံကို ကျူးကျော်သည့် နိုင်ငံတနိုင်ငံ အတွက် ကုလသမဂ္ဂလုံခြုံရီးကောင်စီတွင် နီရာမဟိ” ဟု အိမ်ဖြူတော်ပြောခွင့်ရ ကာရင်းယန်းပီယာရီက ပြောကြားသည်။
သို့သော် ရုသျှသည်ကုလသမဂ္ဂလုံခြုံရီးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ပြီး၊ ၎င်းကိုပြောင်းလဲနိုင်ရန် နိုင်ငံတကာ တရားဝင် နည်းလမ်းမဟိကြောင်း၊အလှည့်ကျဥက္ကဋ္ဌ ရာထူးသည် လုပ်ထုံးလုပ်နည်းဆိုင်ရာ တာဝန်တရပ်ဖြစ် ကြောင်း” ပီယာရီက ဆက်ပြောသည်။
ရုသျှသည် ကုလသမဂ္ဂလုံခြုံရီးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ လက တာဝန်ယူခကြောင်း သိရသည်။
Source – Ukraine calls Russia’s UN Security Council presidency a ‘slap in the face’ to international community
Photo – AFP/Reuters

