
APM ၊ ဧပြီ ၂ / ၂၀၂၃
Arakan Art Gallery တည်ထောင်သည့် (၁) နှစ်ပြည့် ပန်းချီပြပွဲနန့် ပထမဆုံး အကြိမ် ပန်းချီကားများလီလံတင်ရောင်းချ ပွဲအခမ်းအနားကို ဒေနိ (ဧပြီ ၂ ရက်နိ) မွန်းလွဲ ၁ နာရီမှ ညဇာ ၄ နာရီခန့်အထိ စစ်တွေမြို့၊ မောလိပ်ရပ်ကွက်ဟိ Arakan Art Gallery ပြခန်း၌ အောင်မြင်စွာကျင်းပပြုလုပ်ခကြောင်း သိရသည်။
အဆိုပါ ပန်းချီပြပွဲနန့် ပန်းချီကားများလီလံတင်ရောင်းချပွဲအခမ်းအနား၌ ပန်းချီဆရာ၊ဆရာမ၂၄ ဦး၏ ပန်းချီကားပေါင်း ၁၀၀ ကျော် ကို ပြသထားပြီး သိန်း ၆၀ တန်ဖိုးဟိသည့် ပန်းချီကား ၁၅ ကားကို ရောင်းချခကြောင်းသိရသည်။
ရောင်းချခသည့် ပန်းချီကား ၁၅ ကားတွင် မြောက်ဦးမြို့လက်ဆည်ကန်၊ စစ်တွေမြို့မဈီးဟောင်း၊စစ်တွေရှုခင်းသာလမ်း၊ စစ်တွေ ရွှီစေတီ ဘုန်းတော်ကြီးကျောင်း အစဟိသော ပန်းချီကားများ ပါဝင်သည်ဟု ဆိုသည်။
ပန်းချီပြပွဲနန့်လီလံတင်ပွဲသို့ အမေရိကန်၊ဗြိတိန်၊ပြင်သစ်၊ ဆွစ်ဇလန်၊ပိုလန်စသည့်နိုင်ငံခြားသားများ၊နိုင်ငံခြားသား ပန်းချီဆရာများ၊ရက္ခိုင်ပြည်တွင်းမှပန်းချီဆရာများ၊ပန်းချီဝါသနာသျှင်များအပါအဝင် စုစုပေါင်း ၁၅၀ ခန့် တက် ရောက်အားပီးခကတ်သည်။
ဒေဂု ပထမအကြိမ် ကျင်းပသည့်ပန်းချီလီလံတင်ရောင်းချပွဲ အခမ်းအနားကို Arakan Art Gallery ပန်းချီပြခန်း တည်ထောင်သူ ကိုခိုင်သူရိန် နန့် ကိုစိုးသန်းရို့ညီအစ်ကိုဝမ်းကွဲ နှစ်ယောက်က ဦးဆောင်ကျင်းပ ခကြောင်းသိဟိ ရသည်။
Photo – Arakan Art Gallery




