
APM ၊ ဧပြီ ၂ / ၂၀၂၃
စပိန်လာလီဂါကလပ်ဘာစီလိုနာအသင်းသည် လာမည့်ဂျုန်လတွင် ပီအက်စ်ဂျီအသင်းနန့်စာချုပ်ကုန်ဆုံးတော့မည့် ၎င်းရို့ ၏ဂန္ထဝင်တိုက်စစ်မှူး လီယွန်နယ်မက်ဆီကို ဒေဂုနွီရာသီတွင် နူးကမ့်သို့ ဒုတိယအကြိမ်ပြန်လည်ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်နီကြောင်း သိရသည်။
ဘာစီလိုနာအသင်းဥက္ကဋ္ဌ ရာဖေးယူစတေးက “ကျနော်ရို့ မက်ဆီကိုပြန်ခေါ်ဖို့ သူ့ကိုယ်စားလှယ် တိနန့်ဆွေးနွေးနီပါရေ။ မက်ဆီအနီနန့်လေ့ ဘာစီလိုနာကို သံယောစဥ်ဟိစွာ ကျနော်ရို့သိပါရေ။ ယေဇူးနန့် ဒုတိယအကြိမ် နူးကမ့် ကိုပြန်လာဖို့ သူ့ကို မျှော်လင့်ပါရေ”ဟု သတင်းစာယှင်းပွဲတခုတွင် အတည်ပြုပြောကြားခသည်။
ယင်းအပြင် ဘာစီလိုနာနည်းပြ ဇာဗီကလေ့ သူ့အသင်းဖော် မက်ဆီကို အိမ်ပြန်လာစီချင်ကြောင်း ဆိုထားသည်။
သို့သော် လက်ဟိပီအက်စ်ဂျီအသင်းတွင် တပတ်လုပ်ခ ပေါင် ၇၄၀၀၀၀ ရဟိနီသည့် မက်ဆီသည် ဘာစီလိုနာသို့ ပြန်လာ ပါက လစာလျော့နည်းဖွယ်ဟိသည်။
မက်ဆီသည် ဘာစီလိုနာသမိုင်း၏ အကောင်းဆုံးကဇတ်သမားတယောက်အဖြစ် သတ်မှတ်ခံထားရပြီး အသင်း အတွက် ၇၇၇ ပွဲကဇတ်ခရာ ၆၇၂ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၃၀၂) ကြိမ်ပြုလုပ်ပီးခထားသည်။
ပီအက်စ်ဂျီအသင်းမှာတော့ ပြိုင်ပွဲစုံ ၆၆ ပွဲတွင် ၂၉ ဂိုးသွင်းယူထားကာ ဂိုးဖန်တီးမှု (၃၂) ကြိမ်ပြုလုပ်ပီးထား ကြောင်းသိဟိရသည်။
Source – Barcelona ‘step up plans to bring Lionel Messi back to Camp Nou’
Photo – Forbes
