APM ၊ ဧပြီ ၂ / ၂၀၂၃
စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကုန်ခသည့်မာ့ချ် ၃၁ ရက်နိ မိုးထ ၉ နာရီမှာ လောကာနန္ဒာ စေတီ တော်သို့ရောက်လာပြီး စေတီတော်၏ ရတနာစိန်ဖူးတော်၊ငှက်မြတ်နားတော် တင်လှူတန်းပူဇော်ပွဲ ကျင်းပခရာ စေတီ တော်ဝင်း သာသနာ့ဗိမာန်တော်ကြီး၌ စာမိန်းပွဲဖြေဆိုနီကတ်သည့် သံဃာတော်များ နီရာရွှိပြောင်း ဖြေဆိုခရကြောင်း သိရသည်။
အဆိုပါ သာသနာ့ ဗိမာန်တော်ကြီး၌ မာ့ချ် ၂၁ ရက်နိမှဧပြီ ၃ ရက်နိထိ မူလတန်း၊အငယ်တန်း၊အလတ်တန်း၊အကြီးတန်းနန့် ဓမ္မစရိယတန်း စာမိန်းပွဲများကို သံဃာတော်များ ဝင်ရောက်ဖြေဆိုလျက်ဟိသည်။
သို့သော် ရုတ်တရက် စကစ ဥက္ကဋ္ဌကလောကာနန္ဒာစေတီတော်၌ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူဒါန်းပူဇော် ပွဲ လုပ်မည်ဆိုသဖြင့် မာ့ခ်ျ ၂၈ ရက်နိမှစ၍ စာဖြေသံဃာတော်များမှာ စစ်တွေမြို့ ဘုရားကြီးနန့် ဧစေတီ ရို့သို့ နီရာပြောင်းရွှိ ဖြေဆိုခရသည်။
လက်ဟိအချိန်ထိ စာဖြေသံဃာတော်များသည် လောကာနန္ဒာစေတီ သာသနာ့ဗိမာန်တော်အတွင်း စာမေးပွဲ ဖြေဆို ခွင့်ပြန် မရသိမ့်ဘဲ ဘုရားကြီးနန့် ဧစေတီတွင် ဆက်လက်စာမိန်းပွဲဖြေဆိုတော်မူနီကတ်ရသည်။
အဆိုပါသံဃာ့စာမေးပွဲကို နိခင်း ၁၂ နာရီမှ ညဇာ ၃ နာရီအထိကျင်းပလျက်ဟိပြီး နက်ဖြန် ဧပြီ ၃ ရက်နိတွင်လေ့ အလတ် တန်းနန့် အကြီးတန်းစာမိန်းပွဲများ ဆက်ဖြေဖို့ဟိနီသိမ့်ကြောင်း သိဟိရသည်။
Photo – Narinjara