
APM ၊ ဧပြီ ၂ / ၂၀၂၃
မြောက်ဦးမြို့ ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှုအမွီအနှစ် အထင်ကရ စေတီပုထိုးများဖြစ်သော သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ်နန့် လေးမျက်နှာသိမ် ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို လာမည့် မေ ၂ ရက်နိမှစ၍ ၅ ရက်တိုင်တိုင် စည်ကားသိုက် မြိုက်စွာ ကျင်းပလားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘုရားပွဲကို လာမည့် မေ ၂ ရက်နိမှ ၆ ရက်နိအထိ နိခင်း၌ ပဋ္ဌာန်းရွတ်ပူဇော်ပွဲ၊ ညောင်ရီသွန်းပွဲများဖြင့် စည်စည် ကားကား ကျင်းပလားမည်ဟု ဘုရားဂေါပကအဖွဲ့ဝင်များက ပြောသည်။
ယင်းအပြင် ရက္ခိုင်ရိုးရာကျင်ပွဲ၊ ရိုးရာလှီပြိုင်ပွဲ၊ ဘောလုံးပွဲများများလေ့ ထည့်သွင်းကျင်းပလားမည်ဖြစ်ပြီး ညည့် အခါ၌ ရက္ခိုင်ရိုးရာဇာတ်သဘင်နန့် ကပြဖျော်ဖြေတင်ဆက်လားမည်ဟု ဆိုသည်။
လက်ဟိတွင် ပွဲကျင်းပရန်အတွက် မြောက်ဦးမြို့ဟိ ရပ်မိရပ်ဖများနန့် ဂေါပကအဖွဲ့ဝင်များက စနစ်တကျစီစဉ်နီ ကြောင်း သိရသည်။
အဆိုပါ သျှစ်သောင်း၊ထုက္ကံသိမ်၊ အံတော်သိမ်နန့် လေးမျက်နှာဘုရားဗုဒ္ဓပူဇနိယပွဲတော် ကို ရိုးရာအစဉ်အလာမပျက် နှစ်စဉ် နှစ်တိုင်း ကျင်းပလိဟိကြောင်း သိဟိရပါသည်။




