
APM ၊ မာ့ချ် ၂ / ၂၀၂၃
မြန်မာစစ်တပ်ကဖမ်းပြီး စစ်ပုန်ကန်မှုဥပဒေပုဒ်မ ၁၃၁ ၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)စသည့် ပုဒ်မနှစ်ခုနန့် တရားစွဲခံထားရသည့် ကျောက်တော်မြို့နယ်မှ ဆန်စက်ပိုင်သျှင်တယောက်အမှုကို မာ့ချ် ၁ ရက်နိက စစ်တွေမြို့နယ်တရားရုံးမှာ ရုံးထုတ်ခကေလေ့ မစစ်ဟု သိရသည်။
ပုဒ်မနှစ်ခုနန့် တရားစွဲခံထားရသူဆန်စက်ပိုင်သျှင်မှာ ကျောက်တော်မြို့နယ်၊ ကာဒီရွာ (ခ) သဇင်ရွာမှ ဦးလှမောင်သန်း (၄၃နှစ်) ဖြစ်သည်။
အမှုကို မာ့ချ် ၁ ရက်နိ၌ စစ်တွေမြို့နယ်တရားရုံးမှာ ရုံးထုတ်ခကေလေ့ မြန်မာစစ်တပ်ဖက်မှ တရာလိုလေ့မရောက်၊ တရားသူကြီးလေ့မရောက်၍ မစစ်နိုင်ခဘဲ ရုံးချိန်းထပ်ရွှိလိုက်ရကြောင်း မိသားစုဝင်များကပြောသည်။
ဦးလှမောင်သန်းကို ကုန်ခသည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂ ရက်နိက ကန်စောက်အခြီစိုက် မြန်မာစစ်တပ် ခမရ (၅၃၉) တပ်ရင်းမှူးမှ ဖုန်းဆက်ခေါ်၍ လားရောက်ရာမှ ပြန်မလွှတ်ဘဲ ဖမ်းဆီးထားလိုက်ခြင်းဖြစ်သည်။
ယင်းနောက် ဦးလှမောင်သန်းကို ကနဦး ပုဒ်မ ၁၇(၁)နန့် တရားစွဲဆိုခပြီး ရုံးထုတ်စစ်ဆီးနီစဥ်အတွင်းမှာပင် ပုဒ်မ ၁၃၁ နန့်ပါ ထပ်တိုးတရားစွဲဆိုလိုက်ခြင်းဖြစ်သည်။
လက်ဟိတွင် ဦးလှမောင်သန်းကို စစ်တွေမြို့မရဲစခန်းတွင် ထိန်းသိမ်းချုပ်နှောင်ထားကြောင်း သိဟိရသည်။
