
APM ၊ ဖေဖော်ဝါရီ ၂ / ၂၀၂၃
အရေးပေါ်ကာလ ၂ နှစ်ကုန်ဆုံးချိန်ပြုလုပ်သည့် အမျိုးသားကာကွယ်ရီးနန့်လုံခြုံရီးကောင်စီက စစ်ကောင်စီကို နောက်ထပ် ၆ လသက်တမ်း ထပ်တိုးပီးလိုက်သည်။
ယင်းနောက် စစ်ကောင်စီသည် ၎င်း၏ အစိုးရအဖွဲ့ရာထူးတာဝန်များကို ပြောင်းလဲပျင်ဆင်ခပြီး၊ ယင်းသို့ပျင်ဆင်ရာတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အယင်ကရက္ခိုင်ပြည်၌ ဆယ်စုနှစ်တခုနီးပါး နယ်လုံဝန်းကြီးတာဝန် ထမ်း ဆောင်ခသူ ဗိုလ်မှူးကြီးဟောင်း ထိန်လင်းအား ခန့်အပ်လိုက်ကြောင်း ဖေဖော်ဝါရီ ၁ ရက်နိက ထုတ်ပြန်သည်။
ဗိုလ်မှူးကြီးဟောင်း ထိန်လင်းသည် စစ်တက္ကသိုလ်အပတ်စဉ် (၂၄) သင်တန်းဆင်းဖြစ်ပြီး၊ ရခိုင်ပြည်နယ် နယ်လုံဝန်ကြီးအဖြစ် ၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခသည်။ ယင်းမတိုင်ခင်က ဘူးသီးတောင်မြို့နယ်အခြီချ
စစ်ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်နီခသူဖြစ်သည်။
၂၀၁၇ ခုနှစ် နှစ်လယ်မှာ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အဖြစ်နန့် စစ်တပ်မှ အနားယူပြီး၊ ၂၀၂၀ ခုနှစ်၊ မေ၂၀ ရက်နိမှာ သမ္မတရုံးအကြံပီးအဖြစ်လေ့ဆောင်ရွက်ခသူဖြစ်သည်။
ဗိုလ်မှူးကြီးဟောင်းထိန်လင်းအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့်ထားလိုက်ခြင်းမှာ ရက္ခိုင်ပြည်အားစစ်ရီး အရတိုးမြှင့်လုပ်ဆောင်ရန် စစ်ကောင်စီ၏ ခြီလှမ်းသစ်တရပ် စတင်လိုက်ခြင်းဟု ရှုမြင်မှုများလေ့ ဟိနီသည်။
ယင်းအပြင်ဖေဖော်ဝါရီ ၁ ရက်နိထုတ်ပြန်သည့်စစ်ကောင် စီရာထူးတာဝန်အပြောင်းအလဲတွင် အယင်ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာ အောင်ကျော်မင်းကို စစ်ကောင်စီအဖွဲဝင်အဖြစ် ပြောင်းလဲကာ၊ အယင်စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်ကိုတော့ စစ်ကောင်စီအကြံပီးအဖွဲ့ဝင်အဖြစ် ပါးထားလိုက်သည်။
