APM ၊ ဖေဖော်ဝါရီ ၂ / ၂၀၂၃
မြန်မာပြည်တွင် စစ်ကောင်စီတပ် ကျူးလွန်ထားသည့် ပြစ်မှုများအတွက် တာဝန်ခံမှုဟိလာအောင် ဝိုင်းဝန်းလုပ်ဆောင်ကတ်ဖို့ နိုင်ငံတကာကို အမေရိကန်နိုင်ငံတကာ ဘာသာရီးလွှတ်လပ်ခွင့်ဆိုင်ရာကော်မသျှင် (USCIRF) က ဖေဖော်ဝါရီ ၁ ရက်နိတွင် ကြေညာချက်ထုတ်၍ တိုက်တွန်းလိုက်သည်။
စစ်တပ်အာဏာသိမ်းမှု ၂ နှစ်ပြည့် နှစ်ပတ်လည်နိတွင် USCIRF က နိုင်ငံတကာကို တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး၊ စစ်ကောင် စီ၏ အာဏာသိမ်းမှုအတွင်း အရပ်သား ၃၀၀၀ ခန့် သီဆုံးခကာ ကျေးရွာများနန့် ဘာသာရီးအဆောက်အအုံများ မီးတိုက်ဖျက်ဆီးခံခရသည်ဟု ဆိုထားသည်။
ယင်းသို့ လူမျိုးတုံးသတ်ဖြတ်မှု၊ ဘာသာရေးလွတ်လပ်ခွင့်နန့် လူ့အခွင့်အရေးအကြီးအကျယ် ချိုးဖောက်မှုများအတွက် ဒေဂု အာဏာသိမ်းကာလ ၂ နှစ် ကြာလာသည့်အချိန်အထိ စစ်ကောင်စီတပ်ကို တရားဥပဒေကြောင်းအရ အရေးယူနိုင်ခြင်း မတွိရသိမ့်ကြောင်း USCIRF ကော်မသျှင်နာ Eric Ueland က ပြောကြားသည်။
ယင်းကြောင့် စစ်ကောင်စီတပ်ကျူးလွန်ထားသည့် ပြစ်မှုများအတွက်တာဝန်ယူမှု၊တာဝန်ခံမှုဟိလာအောင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အနီနန့် နိုင်ငံတကာနန့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။
အထူးသဖြင့် ဘာသာရီးလွတ်လပ်ခွင့်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုများအတွက် စစ်ကောင်စီဂေါင်းဆောင်များကို ဒဏ်ခတ်မှုများချမှတ်ရီးအပါအဝင် စစ်ကောင်စီအား ဖယ်ယှားနိုင်ရီးအတွက် နည်းလမ်းပေါင်းစုံနန့် ပူးပေါင်းဆောင်ရွက်ကတ်ပါရန် အလေးအနက် တိုက်တွန်းထားသည်။
Source – USCIRF Calls for Accountability of Tatmadaw at Two Year Anniversary of Coup in Burma
Photo – Unites satates commission on international religious freedom