
APM ၊ ဖေဖော်ဝါရီ ၂ / ၂၀၂၃
ရက္ခိုင့်တပ်တော်နန့်ဆက်စပ်သည်ဟု စွပ်စွဲလျက်မြန်မာစစ်တပ်ဖမ်းဆီးပြီးနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နန့်တရားစွဲခံထားရသည့် မောင်တောမြို့နယ်က တက္ကသိုလ်ကျောင်းသားတယောက်နန့် ဆိုင်ကယ် ကယ်ရီသမားတယောက်အမှုကို ဒေနိ (ဖေဖော်ဝါရီ ၂ ရက်နိ)တွင် မောင်တောမြို့နယ်တရားရုံး၌ (၁၀)ကြိမ် မြောက်ရုံးထုတ်ခကာ လိုပြသက်သီနှစ်ယောက်ကို စစ်ဆီးကြောင်း သိရသည်။
ယင်း၁၇(၁)နန့်တရားစွဲခံထားရသူနှစ်ယောက်မှာ မောင်တောမြို့နယ်၊ခမောင်းဆိပ်ကျေးရွာမှ တက္ကသိုလ်ကျောင်းသား ကိုမောင်ဆန်းဌေး(၂၄နှစ်) နန့် မင်္ဂလာညွန့်ကျေးရွာမှ ဆိုင်ကယ်ကယ်ရီသမား ကိုခင်ဇော်(၂၂နှစ်) ရို့ဖြစ်ကတ် သည်။
အမှုကို ဒေနိတွင် မောင်တောမြို့နယ်တရားရုံး၌ ရုံးထုတ်ခပြီး လိုပြသက်သီနှစ်ယောက်ကိုစစ်ဆီးခကာ လာမည့်ဖေဖော်ဝါရီ ၁၄ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်သည်။
ကိုမောင်ဆန်းဌေးနန့် ကိုခင်ဇော်ရို့သည် အမှုဖွင့်ခံထားရချိန်မှစ၍ (၁၀) ကြိမ်တိုင်တိုင် ရုံးထုတ်ခကေလေ့ လက်ဟိအချိန်ထိ လိုပြသက်သီ သုံးယောက်ရာ စစ်ဆီးနိုင်သိမ့်ကာ ရုံးချိန်းကြိမ်ကြိမ် ရွှိဆိုင်းလျက် အမှုကြန့်ကြာနီ၍ စွပ်စွဲခံရသူများအနီနန့် အကြီးအကျယ်နစ်နာကြောင်း မိသားစုဝင်များက ပြောသည်။
ကိုမောင်ဆန်းဌေးမှာ အဝီးသင်တက္ကသိုလ်(သမိုင်းမေဂျာ) ဒုတိယနှစ်ကျောင်းသားတယောက်ဖြစ်ပြီး၊ စစ်တွေအဝီးသင်တက္ကသိုလ်စာမိန်းပွဲဖြေဆိုပြီး၍ ကုန်ခသည့် ၂၀၂၂ ခုနှစ် နိုဗမ်ဘာ ၁ ရက်နိက အဖော်ဖြစ်သူ ကိုခင်ဇော် နန့် အတူ ဆိုင်ကယ်တစီးဖြင့် ရွာသို့ ပြန်လာစဉ် မြန်မာစစ်တပ်၏ အမှတ် (၁) နယ်ခြားစောင့်တပ်ဖွဲ့၊ ကျီးကန်းပြင် ဌာနချုပ်၊ စစ်ဆီးရီးဂိတ်၌
အဖမ်းခံခရသည်။
ယင်းနောက် တလကျော်ကြာ မိသားစုဝင်များနန့် အဆက်အသွယ်မရဘဲ ထိန်းသိမ်းခံခရပြီးနောက် AA နန့်ဆက်စပ်သည်ဟုဆိုကာ မြန်မာစစ်တပ်က တရားလိုလုပ်ပြီး ပုဒ်မ ၁၇(၁)နန့်တရားစွဲဆိုထားခြင်းဖြစ်သည်။
လက်ဟိတွင်သူရို့နှစ်ယောက်ကို ဘူးသီးတောင်အကျဉ်းထောင်၊ထောင်ချုပ်၌ထိန်းသိမ်းထားကြောင်းသိဟိရသည်။
