APM ၊ ဖေဖော်ဝါရီ ၂ / ၂၀၂၃
ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟုဆိုကာ မြန်မာစစ်တပ်မှ မတရားဖမ်းဆီး၍ မတရားအသင်းဆက်သွယ် မှုပုဒ်မ ၁၇(၁) နန့်တရားစွဲဆိုထားသည့် ဘူးသီးတောင်မြို့နယ်၊တပ်မင်းချောင်းအုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ အမှုကို ဒေနိ (ဖေဖော်ဝါရီ ၂ ရက် နိ)က ဘူးသီးတောင်မြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ မစစ်ဆီးခဘဲ ရုံးချိန်းထပ်ရွှိ လိုက်ကြောင်း သိရသည်။
အုပ်ချုပ်ရီးမှူး၏အမှုကို ဒေနိမှာ ဘူးသီးတောင်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခကာ လိုပြသက်သီများရောက်လာကေလေ့
မစစ်ခဘဲ လာမည့်ဖေဖော်ဝါရီ ၉ ရက်နိသို့ ရုံးချိန်းလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
ကုန်ခသည့် စပ်တမ်ဘာ ၃ ရက်နိက ဘူးသီးတောင်အခြီစိုက် မြန်မာစစ်တပ် ခလရ (၂၃၄) တပ်ရင်းမှ ဘူသီးတောင်မြို့နယ်မှ အုပ်ချုပ်ရီးမှူး ၁၂ ယောက်အားတွိဆုံရန် ခေါ်ယူခပြီးနောက် ယင်းအထဲက တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူး ဦးဦးကျော်လှနန့်မီးကျောင်းဈီး(မူဆလင်)ရွာအုပ်ချုပ်ရီးမှူး ဦးဟာမိတ်တူဆောင်းရို့နှစ်ယောက်ကို ပြန်မလွှတ်ဘဲ ဖမ်းထားခသည်။
ယင်းနောက် သူရို့နှစ်ယောက်စလုံးကို ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟု စွပ်စွဲကာ ပုဒ်မ ၁၇(၁)နန့် တရားစွဲဆိုထားကာ၊ ဦးဦးကျော်လှကို ဒေနိရုံးထုတ်ခပြီး ဦးဟာမတ်တူဆောင်းကိုတော့ နက်ဖြန်(ဖေဖော်ဝါရီ ၃ ရက်နိ) တွင် ရုံးထုတ်မည်ဟု သိရသည်။
လက်ဟိတွင် ယင်းအုပ်ချုပ်ရီးမှူး နှစ်ယောက်စလုံးကို ဘူးသီးတောင် အကျဉ်းထောင်၏ ထောင်ချုပ်၌ ထိန်းသိမ်း ချုပ်နှောင်ထားကြောင်း သိဟိရသည်။