APM ၊ ဖေဖော်ဝါရီ ၂ / ၂၀၂၃
ဘူးသီးတောင်မြို့ဟိ ရန်အောင်မြီစစ်ဖီးယှောင်စခန်းနန့် ဂန္ဓာရီစစ်ဖီးယှောင်စခန်းရို့တွင် စားနပ်ရိက္ခာများနန့် အခြီခံ အသုံးအဆောင်ပစ္စည်းများ အရေးပေါ် လိုအပ်နီကြောင်း သိရသည်။
ယင်းစစ်ဖီးယှောင်စခန်း၂ ခု၌ ကုန်ခသည့် ၂၀၁၈၊၂၀၁၉ ကာလ ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့ တိုက်ပွဲ များ ပြင်းထန်ချိန်မှစ၍ ဘူးသီးတောင်မြို့နယ် ဥယျာဥ်သာ၊ စံဂိုးတောင်၊ ထိပ်ချွန်းတောင်၊ နွားရုံတောင်၊ ကွမ်းတောင်၊ စံပြင်၊ ကျောက်တန်း၊ ကြာညိုတောင်အပါအဝင် ရွာပေါင်း ၁၅ ရွာမှ နီရပ်စွန့်ခွါလာခရသည့် ဒေသခံရွာသားများခိုလှုံလျက်ဟိသည်။
လက်ဟိတွင် AA နန့် မြန်မာစစ်တပ်ရို့ အပစ်အခတ်ရပ်စဲထားကေလေ့ ယင်းကျေးရွာများအနား၌ မြန်မာစစ်တပ်မှ တပ်စွဲနီရာယူခြင်း၊ မိုင်းအန္တရာယ်စိုးရိမ်ရခြင်းရို့ကြောင့် စစ်ဖီးယှောင်များမှာ နီရပ်သို့မပြန်ဝံ့သိမ့်ဘဲ စစ်ဖီးယှောင်များ၌ ဆက်လက်ခိုလှုံနီကတ်ရဆဲဖြစ်ကာ စားနပ်ရိက္ခာများ၊ အနွီးအထည်များ နန့် ပုဆိုးများအပါအဝင် အခြီခံအသုံးအဆောင်ပစ္စည်များ အရေးတကြီး လိုအပ်နီကြောင်း စခန်းတာဝန်ခံများကဆို သည်
၂၀၂၂ခု နှစ် နိုဗမ်ဘာ လကုန်ပိုင်းတွင် နီပွန်ဖောင်ဒေးသျှင်းမှ ဆန် ၂ လစာ လာရောက်ထောက်ပံ့ခကေလေ့ လက်ဟိမှာ ယင်းဆန်များကုန်လားခပြီး၊ UNHCR မှ ပုဆိုးများအပါအဝင် အသုံးဆောင်ပစ္စည်းတချို့ပီးအပ်ခကေလေ့ လောက်ငှမှုမဟိ၍ မိသားစုများသည့် စစ်ဖီးယှောင်များမှာ အခက်အခဲဖြစ်နီကတ်ရဆဲဟု ဆိုသည်။
ယင်းအပြင် အဆိုပါစစ်ဖီးယှောင်စခန်းများတွင် နီအိမ်များကို ပြန်လည်ပြုပြင်ရန်လေ့ အရေးတကြီးလိုအပ်နီပြီး၊ UNHCR မှ ယင်းအိမ်များပြုပြင်ရန် သစ် နန့် မိုးကာများ ထောက်ပံ့ပီးအပ်ခကေလေ့ ဝါးများအပါအဝင် တခြားပစ္စည်းများ လိုအပ်နီဆဲဖြစ်သည်။
ဘူးသီးတောင်မြို့ထက်ဟိ ရန်အောင်မြီစစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု၁၇၁ စု၊ လူဦးရေ ၅၆၇ ယောက်နန့် ဂန္ဓာရီစစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု ၂၀၆ စု၊ လူဦးရေ ၁၂၀၇ ယောက် ခိုလှုံလျှက်ဟိကြောင်း သိဟိရသည်။