
APM ၊ ဖေဖော်ဝါရီ ၂ / ၂၀၂၃
မြန်မာ့အရေး စစ်ကောင်စီနန့်ဆွေးနွေးဖို့ ထိပ်တန်းဗိုလ်ချုပ်တယောက် မြန်မာပြည်သို့ လွှတ်ရန် စီစဉ်နီကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးသျှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဖေဖော်ဝါရီ ၁ ရက်နိတွင် ပြောကြားလိုက်သည်။
မြန်မာပြည်ကို အယင်ဆုံးလွှတ်မည့်စစ်ဗိုလ်ချုပ်မှာ အင်ဒိုနီးသျှားနိုင်ငံပြုပြင်ပြောင်းလဲရီး၌ပါဝင်ခသူဖြစ်ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ရိုက်တာသတင်းဌာနသို့ ပြောဆိုခသည်။
သမ္မတ ဂျိုကိုဝီဒိုဒိုက “အင်ဒိုနီးသျှားသည် မြန်မာနည်းတူအတွိအကြုံဟိသည့်အတွက် ဒီမိုကရေစီလမ်းကြောင်းသို့ အင်ဒိုနီးသျှားအနီနန့် ဇာပိုင်အသွင်ကူးပြောင်းခသည်ကို စစ်ကောင်စီအား ယှင်းလင်းရန်စီစဉ်ခြင်းဖြစ်သည်” ဟုဆို သည်။
အင်ဒိုနီးသျှားသည် စစ်ဂေါင်းဆောင် ဆူဟာတို၏ နှစ်ပေါင်း ၃၀ ကျော်ကြာ စစ်အာဏာသျှင်စနစ်အုပ်ချုပ်မှုကနီ ကမ္ဘာတွင် တတိယမြောက် ဒီမိုကရေစီအားအကောင်းဆုံးနိုင်ငံတခုအဖြစ်အသွင်ကူးပြောင်းလာခြင်းဖြစ်သည်။
ယင်းအပြင် အင်ဒိုနီးသျှားသည် အရှိတောင်အာသျှ၌ စီးပွားရီးအတောင့်တင့်ဆုံးနိုင်ငံဖြစ်ပြီး၊ ဒေဂုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားကာ မြန်မာ့အရေးကို ဖြေယှင်းရန်ကြိုးပမ်းလာခြင်းဖြစ်သည်။
Source – Exclusive: Indonesia to send general to Myanmar to highlight transition, president says
Photo – Reuters
